Pages
Sunday, December 2, 2012
မျက်စိကျန်းမာရေး ကောင်းစေမည့် နည်းလမ်း ရှစ်သွယ်
မျက်စိကျန်းမာရေး ကောင်းစေမည့် နည်းလမ်း ရှစ်သွယ်
ကမ္ဘာ့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရရင် ကျွန်မတို့ရဲ့ မျက်စိအမြင် အာရုံ ကောင်းနေတာကို ဂုဏ်ယူ တတ်ကြပါတယ်။ ဒါပေမဲ့လည်း လူနည်း စုလောက်သာ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကို ဂရုစိုက်တတ်ကြတာမို့ မျက်စိ
ကို ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ မျက်စိ စမ်းသပ်ပါ
မျက်မှန်တပ်ရသူ ဒါမှမဟုတ် မျက်စိပြဿနာ ဖြစ်သူတွေသာ မျက်စိ ဆရာ ၀န်နဲ့ ပြသင့်တာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း နှစ်နှစ်တစ်ကြိမ်  စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ သင်ဟာ အရာဝတ္ထု တွေကို မြင်နေရပေ မယ့်လည်း သင့်မှာ မျက်စိ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ- ခေါင်းကိုက် တတ်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာဟာ မျက်စိ ပြဿနာ ကြောင့် ဖြစ်နို င်တာမို့ ဒီလို ပြဿနာတွေ ဖြေရှင်းဖို့ မျက်စိ ဆရာဝန်ကသာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အသက် ၆၀ ကျော်လာရင် အတွင်းတိမ်၊ ရေ တိမ်နဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှုတွေ ဖြစ်နိုင်ခြေ များလာတာကြောင့် ဒီအရွယ်ရောက်ရင် နှစ်စဉ် မျက်စိ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးဖို့ လိုအပ် ပါတယ်။
၂။ နေကာ မျက်မှန် တပ်ပါ၊ ဦးထုပ်ဆောင်းပါ
နေကာမျက်မှန် တပ်တာနဲ့ ဦးထုပ်ဆောင်းတာကြောင့် သင့်မျက်လုံးကို UV Rays အန္တရာယ်မှ ကာကွယ် နိုင်ပါတယ်။ လေ့လာမှု အများအပြားအရ နေေ ရာင်နဲ့ ထိတွေ့မှုကြောင့် အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ပျက်စီး ယိုယွင်း မှု ဖြစ်နိုင်ခြေ ပိုမြင့်မားတယ်လို့ သိရပါတယ်။
၃။ ဆီးချို ရောဂါကို ထိန်းပါ
သွေးတွင်း သကြားဓာတ်များတဲ့ ဆီးချို ရောဂါကြောင့် မြင်လွှာ အနောက် မှ သွေးကြောတွေ ပျက်စီးကာ အမြင် ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတိုင်း ဆီးချိုကို ထိန်းထားဖို့ လိုအပ်ပြီး နှစ်စဉ် မျက်စိ စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့် ပါတယ်။
၎။ မျက်စိ အကာအကွယ် ယူပါ
ဂဟေဆော်တာလို အလုပ်မျိုး လုပ်ရသူတွေဟာ မျက်စိ မထိခိုက်အောင် မျက်စိကို အကာအကွယ် တပ်ထားသင့် ပါတယ်။ နှင်းလျှော စီးသူတွေ၊ သစ်ပင် ခုတ်ရသူ၊ မြက်ရိတ်သူနဲ့ အပင်အလှပြင်သူတွေ အားလုံးလည်း မျက်စိ ထိခိုက်ဒဏ်ရာ မရအောင် အကာအကွယ် မျက်မှန် တပ်ထားသင့် ပါတယ်။ တချို့ အားကစား ဥပမာ- တင်းနစ်ဘော၊ ဘတ်စကက်ေ ဘာ တွေဟာလည်း မျက်လုံးကို ဘောလုံး ဒါမှမဟုတ် လက်ချောင်းနဲ့ ထိမိပြီး မျက်စိအန္တရာယ် ရရှိနိုင်ပါတယ်။
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ
ဗီတာမင် A,C,E နဲ့ သွပ်ဓာတ် ပါဝင်တဲ့ အားဆေး စားပေးပါ။ အစား အသောက် ထက် ဆေးလိပ် မသောက်ဖို့က ပိုအရေးကြီး ပါတယ်။ ဆေး လိပ် သောက်တာကြောင့် အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ပျက်စီးမှု ဖြစ်နို င်ခြေပါတယ်။
၆။ ညအိပ်ခါနီး မျက်ကပ်မှန် ဖြုတ်ထားပါ
မျက်ကပ်မှန် အကြာကြီး တပ်ထား တာကြောင့် ရောဂါပိုး အလွယ်တကူ ၀င်ရောက်နိုင် ပါတယ်။
၇။ ဆေးသောက်တာကို သတိထားပါ
သင်သောက်နေကျ ဆေးတွေကို မျက်စိ ဆရာဝန်ကို ပြောပြပါ။ ဥပမာ အားဖြင့် ဆီးကျိတ် ကြီးတာအတွက် သောက်ရတဲ့ ဆေး Flomax ဟာ အတွင်းတိမ် ခွဲစိတ်ရာမှာ ဆိုးကျိုး ရှိနိုင်တာမို့ Flomax ဆေး မသောက်ခင် အတွင်းတိမ်ကို ခွဲစိတ်ဖို့ လိုမလို ဆုံးဖြတ်ရ ပါမယ်။ စတီးရွိုက် ဆေးတွေကို တာရှည် သောက်ရရင်လည်း ရေတိမ် ရောဂါနဲ့ အတွင်းတိမ် ရောဂါ ဖြစ်နို င်ခြေ မြင့်မားပါတယ်။
၈။ အတွင်းတိမ်ကို ခွဲစိတ်ရမယ် ဆိုရင် အချိန် မစောင့်ပါနဲ့
အတွင်းတိမ်ကို ခွဲစိတ်ရာမှာ ဆိုးကျိုး အလွန် နည်းတာမို့ ခွဲစိတ် ရမယ်ဆိုရင် စောစောသာ ခွဲထုတ်လိုက်ပါ။
ကမ္ဘာ့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရရင် ကျွန်မတို့ရဲ့ မျက်စိအမြင် အာရုံ ကောင်းနေတာကို ဂုဏ်ယူ တတ်
ကြပါတယ်။ ဒါပေမဲ့လည်း လူနည်း စုလောက်သာ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကိုဂရုစိုက်တတ်ကြတာမို့ မျက်စိကို
ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။၁။ မျက်စိ စမ်းသပ်ပါ
မျက်မှန်တပ်ရသူ ဒါမှမဟုတ် မျက်စိပြဿနာ ဖြစ်သူတွေသာ မျက်စိ ဆရာ ၀န်နဲ့ ပြသင့်တာ မဟုတ်ပါဘူး။ လူတိုင်း
လူတိုင်း နှစ်နှစ်တစ်ကြိမ် စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ သင်ဟာ အရာဝတ္ထု တွေကို မြင်နေရပေ မယ့်
လည်း သင့်မှာ မျက်စိ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ 
ဥပမာ- ခေါင်းကိုက် တတ်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာဟာ မျက်စိ ပြဿနာ ကြောင့် ဖြစ်နို င်တာမို့ ဒီလို ပြဿ
နာတွေ ဖြေရှင်းဖို့ မျက်စိ ဆရာဝန်ကသာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အသက် ၆၀ ကျော်လာရင် အတွင်းတိမ်
၊ ရေ တိမ်နဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှုတွေ ဖြစ်နိုင်ခြေ များလာတာကြောင့် ဒီအရွယ်ရောက်ရင် နှစ်စဉ် မျက်စိ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးဖို့ လိုအပ် ပါတယ်။
၂။ နေကာ မျက်မှန် တပ်ပါ၊ ဦးထုပ်ဆောင်းပါ
နေကာမျက်မှန် တပ်တာနဲ့ ဦးထုပ်ဆောင်းတာကြောင့် သင့်မျက်လုံးကို UV Rays အန္တရာယ်မှ ကာကွယ် နိုင်ပါ
တယ်။ လေ့လာမှု အများအပြားအရ နေေ ရာင်နဲ့ ထိတွေ့မှုကြောင့် အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ပျက်စီး ယို
ယွင်း မှု ဖြစ်နိုင်ခြေ ပိုမြင့်မားတယ်လို့ သိရပါတယ်။
၃။ ဆီးချို ရောဂါကို ထိန်းပါ
သွေးတွင်း သကြားဓာတ်များတဲ့ ဆီးချို ရောဂါကြောင့် မြင်လွှာ အနောက် မှ သွေးကြောတွေ ပျက်စီးကာ အမြင်
 ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတိုင်း ဆီးချိုကို ထိန်းထားဖို့ လိုအပ်ပြီး နှစ်စဉ် မျက်စိ စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့် ပါတယ်။
၎။ မျက်စိ အကာအကွယ် ယူပါ
ဂဟေဆော်တာလို အလုပ်မျိုး လုပ်ရသူတွေဟာ မျက်စိ မထိခိုက်အောင် မျက်စိကို အကာအကွယ် တပ်ထားသင့် ပါတယ်။ နှင်းလျှော စီးသူတွေ၊ သစ်ပင် ခုတ်ရသူ၊ မြက်ရိတ်သူနဲ့ အပင်အလှပြင်သူတွေ အားလုံးလည်း မျက်စိ ထိ
ခိုက်ဒဏ်ရာ မရအောင် အကာအကွယ် မျက်မှန် တပ်ထားသင့် ပါတယ်။ 
တချို့ အားကစား ဥပမာ- တင်းနစ်ဘော၊ ဘတ်စကက်ေ ဘာ တွေဟာလည်း မျက်လုံးကို ဘောလုံး ဒါမှမဟုတ် လက်ချောင်းနဲ့ ထိမိပြီး မျက်စိအန္တရာယ် ရရှိနိုင်ပါတယ်။
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ
ဗီတာမင် A,C,E နဲ့ သွပ်ဓာတ် ပါဝင်တဲ့ အားဆေး စားပေးပါ။ အစား အသောက် ထက် ဆေးလိပ် မသောက်ဖို့က ပို
အရေးကြီး ပါတယ်။ ဆေး လိပ် သောက်တာကြောင့်အတွင်းတိမ် ရောဂါနဲ့မက်ကူလာပျက်စီးမှု ဖြစ်နို င်ခြေပါတယ်။
၆။ ညအိပ်ခါနီး မျက်ကပ်မှန် ဖြုတ်ထားပါ မျက်ကပ်မှန် အကြာကြီး တပ်ထား တာကြောင့် ရောဂါပိုးအလွယ်တကူ
၇။ ဆေးသောက်တာကို သတိထားပါ
သင်သောက်နေကျ ဆေးတွေကို မျက်စိ ဆရာဝန်ကို ပြောပြပါ။ဥပမာအားဖြင့် ဆီးကျိတ် ကြီးတာအတွက် သောက်
တဲ့ ဆေး Flomax ဟာ အတွင်းတိမ် ခွဲစိတ်ရာမှာ ဆိုးကျိုး ရှိနိုင်တာမို့ Flomax ဆေး မသောက်ခင် အတွင်းတိမ်ကို ခွဲစိတ်ဖို့ လိုမလို ဆုံးဖြတ်ရ ပါမယ်။ စတီးရွိုက် ဆေးတွေကို တာရှည် သောက်ရရင်လည်း ရေတိမ် ရောဂါနဲ့ အတွင်း
တိမ် ရောဂါ ဖြစ်နို င်ခြေ မြင့်မားပါတယ်။
၈။ အတွင်းတိမ်ကို ခွဲစိတ်ရမယ် ဆိုရင် အချိန် မစောင့်ပါနဲ့
အတွင်းတိမ်ကို ခွဲစိတ်ရာမှာ ဆိုးကျိုး အလွန် နည်းတာမို့ ခွဲစိတ် ရမယ်ဆိုရင် စောစောသာ ခွဲထုတ်လိုက်ပါ။
 Vitrual Medical Center
0 comments:
Post a Comment