Pages

Saturday, December 8, 2012

ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

    07 December 2012  | 
    
ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မော်စကိုမြို့ အနောက်မြောက် ဘက် အဝေးပြေး လမ်းမကြီးပေါ် တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် ပြီး မော်တော်ယာဉ်များမှာ သုံး ရက်ကြာ ပိတ်မိ နေကြောင်း သိရ သည်။ M10 အဝေးပြေး လမ်းမကြီး ပေါ်ရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ပေါင်း ၁၂၀ ခန့်အထိ ရှည်လျား သည်ဟု မီဒီယာ သတင်းများက ဆိုသည်။

ယာဉ်မောင်းတစ်ဦးက လည်း ယာဉ်ကြောမှာ ၂၄ နာရီအ တွင်း တစ်ကီလိုမီတာသာ ရှေ့သို့ ရွေ့သွားသည်ဟု ပြောသည်။ နှင်း များ ထူထပ်စွာ ကျဆင်းခဲ့၍ ယာဉ် ကြောပိတ်ဆို့ရသည်ဟု ဆိုသည်။ ယာဉ်မောင်းများမှာ လမ်း ဘေးကွင်းပြင်များမှာပင် ချက် ပြုတ်စားသောက်နေကြသော် လည်း သုညအမှတ်အောက်နေ သော အအေးဒဏ်ကို ခံနိုင်ရန် ၄င်းတို့၏ ကားအင်ဂျင်များနှင့် အပူပေးစနစ်များဖွင့်ထားရန် ဆီ ပြတ်လပ်နေပြီဟု ယာဉ်မောင်းအ များအပြားက ပြောသည်။

“ယာဉ်မောင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ယိုင်း ပင်းကူညီကြပါတယ်။ အာဏာပိုင် တွေ ဘက်မှာ ပြဿနာရှိနေတာ ပါ။ ဓာတ်ဆီတင်ယာဉ်တွေ လာ တာလည်း မရှိဘူး။ ရေလည်း မရှိ၊ ဘာလည်း မရှိ၊ ငါတို့ဒီမှာပဲ ပိတ်မိ နေကြတာပဲ”ဟု ဆာဂျီဟု အမည် ရှိသော ယာဉ်မောင်းက ဆို သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ၂၀ ထက် မပိုဘဲ တဖြည်းဖြည်း လျော့ နည်းလာနေသည်ဟု ဒီဇင်ဘာ ၂ ရက်က ပြောသည်။ သို့သော် ဝန် ကြီးချုပ် မက်ဗီဒက်၏ ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးက ယာဉ် ကြောပိတ်ဆို့မှု အဆုံးသတ်ရေး နှင့် သောင်တင်နေသော ယာဉ် မောင်းများအား ကူညီရေးနည်း လမ်းရှာရန် မစ္စတာမက်ဗီဒက်က ဒုတိယဝန်ကြီးချုပ်အား ညွှန်ကြား ထားသည်ဟု ပြောကြားသည်။

ရုရှားနိုင်ငံ၏ M10 အဝေး ပြေးလမ်းမကြီးမှာ မော်စကိုမြို့မှ မိုင်ပေါင်း ၄၃၅ မိုင်ဝေးသော နိုင်ငံ ၏ ဒုတိယအကြီးဆုံး စိန့်ပီတာ စဘာ့ဂ်မြို့နှင့် ဆက်သွယ်ထား သော ဖင်လန်နိုင်ငံနယ်စပ်အထိ ဖောက်လုပ်ထားသည့် လမ်းမကြီး ဖြစ်သည်။

—Ref: ASP

အေးချမ်းမွန်မှ  7Day News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  7Day News

ရုရှားနိုင်ငံတွင် မိုင်ပေါင်း၁၂၀ ရှည်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မော်စကိုမြို့ အနောက်မြောက်ဘက်အဝေး
ပြေး လမ်းမကြီးပေါ် တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် ပြီး မော်တော်ယာဉ်များမှာ သုံး ရက်ကြာ ပိတ်မိနေ
ကြာင်း သိရ သည်။ M10 အဝေးပြေး လမ်းမကြီး ပေါ်ရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ပေါင်း ၁၂၀ ခန့်အထိ ရှည်လျား သည်ဟု မီဒီယာ သတင်းများက ဆိုသည်။
ယာဉ်မောင်းတစ်ဦးက လည်း ယာဉ်ကြောမှာ ၂၄ နာရီအ တွင်း တစ်ကီလိုမီတာသာ ရှေ့သို့ ရွေ့သွားသည်
ဟု ပြောသည်။ နှင်း များ ထူထပ်စွာ ကျဆင်းခဲ့၍ ယာဉ် ကြောပိတ်ဆို့ရသည်ဟု ဆိုသည်။ ယာဉ်မောင်း
များမှာ လမ်း ဘေးကွင်းပြင်များမှာပင် ချက် ပြုတ်စားသောက်နေကြသော် လည်း သုညအမှတ်အောက်နေ
 သော အအေးဒဏ်ကို ခံနိုင်ရန် ၄င်းတို့၏ ကားအင်ဂျင်များနှင့် အပူပေးစနစ်များဖွင့်ထားရန် ဆီ ပြတ်လပ်
နပြီဟု ယာဉ်မောင်းအ များအပြားက ပြောသည်။
“ယာဉ်မောင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ယိုင်း ပင်းကူညီကြပါတယ်။ အာဏာပိုင် တွေ ဘက်မှာ ပြဿနာရှိနေတာ ပါ။ ဓာတ်ဆီတင်ယာဉ်တွေ လာ တာလည်း မရှိဘူး။ ရေလည်း မရှိ၊ ဘာလည်း မရှိ၊ ငါတို့ဒီမှာပဲ ပိတ်မိ နေကြတာပဲ”ဟု ဆာဂျီဟု အမည် ရှိသော ယာဉ်မောင်းက ဆို သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ၂၀ ထက် မပိုဘဲ တဖြည်းဖြည်း လျော့ နည်းလာနေ
သည်ဟု ဒီဇင်ဘာ ၂ ရက်က ပြောသည်။ သို့သော် ဝန် ကြီးချုပ် မက်ဗီဒက်၏ ပြောရေးဆို ခွင့်ရှိသူ အမျိုး
သမီးက ယာဉ် ကြောပိတ်ဆို့မှု အဆုံးသတ်ရေး နှင့် သောင်တင်နေသော ယာဉ် မောင်းများအား ကူညီရေး
နည်း လမ်းရှာရန် မစ္စတာမက်ဗီဒက်က ဒုတိယဝန်ကြီးချုပ်အား ညွှန်ကြား ထားသည်ဟု ပြောကြားသည်။
ရုရှားနိုင်ငံ၏ M10 အဝေး ပြေးလမ်းမကြီးမှာ မော်စကိုမြို့မှ မိုင်ပေါင်း ၄၃၅ မိုင်ဝေးသော နိုင်ငံ ၏ ဒုတိယ
အကြီးဆုံး စိန့်ပီတာ စဘာ့ဂ်မြို့နှင့် ဆက်သွယ်ထား သော ဖင်လန်နိုင်ငံနယ်စပ်အထိ ဖောက်လုပ်ထားသည့် လမ်းမကြီး ဖြစ်သည်။
—Ref: ASP  , 7
Day News 

0 comments:

Post a Comment