Pages

Saturday, December 8, 2012

ခေတ်မမီတော့သည့် ငွေကြေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မည်

ခေတ်မမီတော့သည့် ငွေကြေးဆိုင်ရာ ဥပဒေကို ပြင်ဆင်

    07 December 2012  | 
   

mm notesငွေကြေးနှင့် သက်ဆိုင်သော ဥပဒေ ငါးမျိုးကို ပြန်လည် ပြင်ဆင် ဖြည့်စွက်သွားရန်  ရှိကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။ 

”အရမ်းကိုကြာနေတဲ့ ဥပဒေတွေကို အခုနဲ့ လိုက်လျော ညီထွေမှုရှိအောင် ပယ်ဖျက်သင့်တာ ပယ်ဖျက် ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ရမယ်။ ဘဏ္ဍာအခွန် ဝန်ကြီးဌာန က ရေးဆွဲထားတဲ့ ဥပဒေတွေကို ခေတ်နဲ့ ညီအောင် ပြန်ပြင်ရမှာ” ဟု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်း ထားသော ဝင်ငွေခွန် ဥပဒေနှင့် နည်းဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ကုန်သွယ်ခွန် ဥပဒေ၊ နည်းဥပဒေနှင့် အမိန့် ကြေညာစာများ၊ ၁၉၂၄ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ကုန်း လမ်း အကောက်ခွန်ဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ငွေ ကြေးအဖွဲ့အစည်းများ ဥပဒေ၊ နည်းဥပဒေနှင့် ၁၈၇၈ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ပင်လယ်အ ကောက်ခွန်ဥပဒေများကို ပြန် လည်ပြင်ဆင် ဖြည့်စွက်ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရ သည်။ ”ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန် ဥပဒေက အရေးကြီးတယ်။ လက် တွေ့ဆောင်ရွက်နေရမှုမှာ ဌာန ဆိုင်ရာတွေက ဥပဒေနောက်တစ်ခု ဖြစ်မလာခင်မှာ ဒါကိုကိုင်ပြီး လုပ်နေရ တယ်” ဟု ကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကော်မတီအနေ ဖြင့် ဗဟိုဘဏ်ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး အတွက် ပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ရပြီး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နည်းဥပဒေပေါ်ထွက် လာ ရေးအတွက် လည်း ဆောင်ရွက် နေရကြောင်း သိရသည်။ အထက်ပါ ဥပဒေ များပြင်ဆင် ဖြည့်စွက်ရေး ဆွဲနိုင်ရေးအတွက် ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံ အကြံဥာဏ်များ တောင်းခံရယူနေ ကြောင်း သိရသည်။

ဝေယံမိုးမြင့် 


အေးချမ်းမွန်မှ  Popular News   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular News

ငွေကြေးနှင့် သက်ဆိုင်သော ဥပဒေ ငါးမျိုးကို ပြန်လည် ပြင်ဆင် ဖြည့်စွက်သွားရန်ရှိကြောင်း ပြည်သူ့လွှတ်
တာ် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။ ”အရမ်းကိုကြာနေတဲ့ ဥပဒေတွေကို အခုနဲ့ လိုက်လျော ညီထွေမှုရှိအောင် ပယ်ဖျက်သင့်တာ ပယ်ဖျက် ပြင်
ဆင် ဖြည့်စွက်တာတွေ လုပ်ရမယ်။ ဘဏ္ဍာအခွန် ဝန်ကြီးဌာန က ရေးဆွဲထားတဲ့ ဥပဒေတွေကို ခေတ်နဲ့ ညီအောင် ပြန်ပြင်ရမှာ” ဟု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်း ထားသော ဝင်ငွေခွန် ဥပဒေနှင့် နည်းဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ကုန်သွယ်ခွန် ဥပဒေ၊ နည်းဥပဒေနှင့် အမိန့် ကြေညာစာများ၊ ၁၉၂၄ ခုနှစ် တွင် ပြဋ္ဌာန်းထားသောကုန်းလမ်း
အကောက်ခွန်ဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ငွေ ကြေးအဖွဲ့အစည်းများ ဥပဒေ၊ နည်းဥပဒေနှင့်
၁၈၇၈ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ပင်လယ်အ ကောက်ခွန်ဥပဒေများကို ပြန် လည်ပြင်ဆင် ဖြည့်စွက်ရေး
ဆွဲသွားမည် ဖြစ်ကြောင်း သိရ သည်။ ”ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန် ဥပဒေက အရေးကြီးတယ်။ 
 
လက် တွေ့ဆောင်ရွက်နေရမှုမှာ ဌာန ဆိုင်ရာတွေက ဥပဒေနောက်တစ်ခု ဖြစ်မလာခင်မှာ ဒါကိုကိုင်ပြီး လုပ်နေရ တယ်” ဟု ကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကော်မတီအနေ ဖြင့် ဗဟိုဘဏ်ဥပဒေမူကြမ်းကိုအတည်ပြုနိုင်ရေးအတွက် ပြင်ဆင်ဖြည့်စွက်
ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ရပြီး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နည်းဥပဒေပေါ်ထွက် လာ ရေးအတွက် လည်း
ဆောင်ရွက် နေရကြောင်း သိရသည်။ အထက်ပါ ဥပဒေ များပြင်ဆင် ဖြည့်စွက်ရေး ဆွဲနိုင်ရေးအတွက်
ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံ အကြံဥာဏ်များ တောင်းခံရယူနေ ကြောင်း သိရ
သည်။

ဝေယံမိုးမြင့်
Popular News 

0 comments:

Post a Comment