Pages

Monday, November 5, 2012

NLD ပါတီအနေဖြင့် လူသစ်များကို အသုံးပြုရမည်ဖြစ်ပြီး လူဟောင်းများကို နွေးနွေးထွေးထွေး ဆက်ဆံသင့်ဟုဆို

NLD ပါတီ အနေဖြင့် လူသစ် များကို ပါတီတွင် အသုံးပြုရမည် ဖြစ်ပြီး လူဟောင်းများ ကို လည်း နွေးနွေးေ ထွးထွေးဆက်ဆံသင့်သည် ဟု ၉ဝ ရွေးကောက်ပွဲအနိုင်ရ ကိုယ် စားလှယ် ဦးညွန့်လှိုင်က The Messenger ဂျာနယ်သို့ ပြောသည်။ 
ဦးညွန့်လှိုင်သည် ၉ဝ ရွေး ကောက်ပွဲတွင် NLD ပါတီမှ ကိုယ် စားလှယ်အဖြစ် ဧရာဝတီတိုင်းဒေသ ကြီး ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အနိုင်ရရှိခဲ့ပြီး ကျင်းပပြီး ခဲ့သည့် ၂ဝ၁၂ ကြားဖြတ်ရွေးေ ကာက် ပွဲတွင် ပုသိမ်မြို့ NLD ပါတီလွှတ် တော်ကိုယ်စားလှယ်၏ အောင်နိုင်ရေး အတွက် လုပ်ဆောင်ေ ပးခဲ့ကြောင်း သိရသည်။ 

''ကျွန်တော်တို့လို ပါတီဝင် တွေကို ဟိုအချိန်ကဆိုရင် နည်းမျိုးစုံ နဲ့ ဒုက္ခပေးတာကို ခံခဲ့ရပါတယ်၊ ကျွန်တော် တို့မှာ သမိုင်းရှိပါတယ်။ ဒေသခံပြည်သူက သိပါတယ်၊ အခု အချိန်မှာ ကျွန်တော်တို့ကို မသုံးဘူး ဆိုရင်ေ တာင် နှစ်သိမ့် စကားပြောရ မယ့်အစား အရင်က ကိစ္စတွေ ဘာမှ မပြောနဲ့ ဆိုတာကတော့ ဝမ်းနည်း ဖို့ ကောင်း ပါ တယ်''ဟု ဦးညွန့်လှိုင် ကပြောသည်။

စက်တင်ဘာ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရေဘေး ကယ် ဆယ်ရေးနှင့် အလှူငွေထောက်ပံ့ရေးအတွက် ပုသိမ်မြို့သို့ ရောက် ရှိလာပြီး ပါတီဝင်ဟောင်းအ ချို့နှင့် တွေ့ဆုံစဉ်က မိသားစုများ ဒုက္ခ ရောက်ခဲ့ခြင်းကို မပြောရန်နှင့် လူ သစ်လူဟောင်းကိစ္စများကို မပြော ရန် ပြောကြားခဲ့ကြောင်း သိရသည်။
''ဆယ်ကြိမ်ထက်မနည်း အ ဖမ်းခံခဲ့ရတယ်၊ အထူးသဖြင့် နယ် က နိုင်ငံရေးသမားတွေက ပိုပြီး ဖိနှိပ်ခံခဲ့ ရတယ်၊ နည်းမျိုးစုံနဲ့ကို ဒုက္ခ ပေးခဲ့တာပါ။ မိသားစုဝင်တွေဆို လည်း နိုင်ငံရေးသမားမိသားစုဆိုပြီး အခြား လူတွေ က မပတ်သက်ပဲ နေခဲ့ ကြတယ်''ဟု ဦးညွန့်လှိုင်က ပုသိမ် မြို့နယ် NLD ပါတီများ စုပေါင်း နှုတ်ထွက်ပွဲတွင် ပြောကြားသည်။
 
messenger

0 comments:

Post a Comment