Pages

Monday, November 5, 2012

မွေးနေ့မှာ ထူးခြားတဲ့အလှုနဲ့ ကုသိုလ်ယူခဲ့တဲ့ ကိုကျော်သူရဲ့ နာရေး ကူညီမှုအသင်း(ရန်ကုန်)

Photo: (ကျော်သူ) ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။
 ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်အမှတ်၂ဝ၊ အခန်း (၄) တွင် နေထိုင်သူ အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီဖြစ်သူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် သားသမီး သုံးယောက် ရက်တစ်ပါတ်ခန့်က ရောက်ရှိလာခဲ့သည်။  ရန်ကုန်မြို့သို့  မရောက်ခင် မန္တလေးမြို့တွင် သမီးမမိုးမိုးသည် ငှက်ဖျားဝေဒနာကို ခံစား လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ရောက်ရှိသောအခါ ဦးလေးဖြစ်သူ ဦးမြင့်ဇော်နေအိမ်တွင် နေထိုင် ရင်း ခံစားနေရသော ငှက်ဖျားဝေဒနာအား နီးစပ်ရာဆိုင်များမှ ဆေးမှီးတိုများဖြင့်သာ ကုသခဲ့သည်။ သို့ရာ တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရသောကြောင့် ရဲဝင်းအတွင်းရှိ ရဲမိသားစုဝင်များမှ စုပေါင်းအကူငွေဖြင့် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီးသို့ သမီး မမိုးမိုး နှင့် သားငယ် မောင်သားငယ် တို့အား လက်ဆွဲ၍ မိခင်ဖခင်တို့သည် သွားရောက်ကုသရန် ခေတ္တနေထိုင်သော ကျိုက္ကဆံ ရဲရိပ်သာနေအိမ်မှ ထွက်ခွာခဲ့သည်။ ဆေးရုံသို့ရောက်ရှိသောအခါ သက်ဆိုင်ရာဆရာဝန်များမှ မမိုးမိုး၏ ဦးနှောက်ထဲသို့ ရောက်ရှိနေသော ငှက်ဖျားပိုးအား ကုသရန် ပြင်ဆင်နေချိန်တွင် မမိုးမိုးသည် ရုတ်တရက် ဇက်ကျိုးကျကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတော့သည်။ အစ်မဖြစ်သူ မမိုးမိုး အသက် (၁ဝ) နှစ် ကွယ်လွန်သွားရှာပြီး (၅) မိနစ်ခန့်အတွင်း မိဘများနှင့် အတူလက်ဆွဲ၍ လမ်းလျှောက်ပါရှိလာသော မောင်လေးလည်း အစ်မဖြစ်သူ ဇက်ကျိုး၍ သေဆုံးသွားသည်ကို မြင်တွေ့ပြီး မောင်သားငယ် အသက် (၅) နှစ်သည်လည်း အစ်မဖြစ်သူ မမိုးမိုး သွားရာနောက်သို့ လိုက်ပါသွားတော့သည်။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း မိဘများဖြစ်သူ ဦးအောင်မင်း၊ မပူစူးတို့အား သမီးငယ်နှင့် သားငယ်တို့သည် နှုတ်မဆက် ဘဲ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားတော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးဖြစ်သူ မစန်းစန်းနွယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြား အကူညီတောင်းမှုကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့သည် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ကာ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ရေဝေးသုဿန်သို့ ကူညီပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ သည်။ 
ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာမြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော  သားငယ်သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဃန်း (၂) စုံနှင့်အတူ ကျန်ရစ်သူချို့တဲ့အားငယ်နေသော မိသားစုဝင်များနှင့် ယင်းမိသားစုဝင်တို့အား ကူညီစောင့်ရှောက် နေထိုင်ခွင့်ပေးခဲ့သော ကျိုက္ကဆံရဲရိပ်သာနေ အချုပ်ကားမောင်းနှင်သူ ကိုမြင့်ဇော် မိသားစုတို့အား လူသား ချင်းစာနာစိတ်ဖြင့် ကျွန်တော်၏ ကိုယ်ပိုင်ငွေထဲမှ သားငယ် မောင်သားငယ်၊ သမီးငယ် မမိုးမိုးတို့အား ရည်စူး၍ အလှူငွေ (ငါးသောင်း)ကျပ်နှင့် ကိုမြင့်ဇော် မိသားစုတို့အား အလှူငွေ (နှစ်သောင်း) ကျပ်တို့အား လှူဒါန်းမှု ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ယနေ့ (၃.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သူ ဦးမောင်ညွန့် အသက် (၇၃) နှစ်၏ ဈာပန အခမ်းအနားအားလည်း အသင်းသူ/သားများ၊ ဝန်ထမ်းများတို့ဖြင့် စည်းကားသိုက်မြိုက်စွာဖြင့် နောက်ဆုံးနှုတ်ဆက်ခရီးအား အောင်မြင်စွာ ပြုလုပ်ပေးခဲ့သည်။ 
 ကျွန်တော်သည် အသက် (၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီ လူ့ဘဝသက်တမ်းအား မည်မျှ နေထိုင်ရဦးမည်ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ ငြိမ်းချမ်းစွာ နေထိုင်လိုတော့သည်။ ထို့ကြောင့် မိမိ၏ မွေးနေ့အတွက်ပြုလုပ်ခဲ့သော ကောင်းမှုများအား မိမိဘဝတစ်ပါးသို့ ပြောင်းလဲရမည့်နေ့၊ မိမိသေဆုံး ရတော့မည့်အချိန်၊ မိမိကမ္ဘာမြေပြင်မှ ထွက်ခွာရတော့မည့် နေ့ရက်များအားရည်စူး၍ ယခုကဲ့သို့သော လက်တွေ့ကျသောလုပ်ရပ်များ၊ သဘာဝကျသော ကုသိုလ်ကောင်းမှုများ၊ သီလလုံသော ပေးဆပ်မှုများ ဖြင့်သာ ကျင်လည်နေထိုင်တော့မည်ဖြစ်ကြောင်း ကျွန်တော်၏ မွေးနေ့ (၅၃) နှစ်တွင် သေနေ့အတွက် ပြင် ဆင်နေပြီဖြစ်ကြောင်း အများပြည်သူအပေါင်းတို့အား အသိပေး၊ သတိပေးစကား ဆိုလိုက်ရပါတော့သည်။
ကျော်သူ

(ကျာ်သူ) ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာ
ရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်
အမှတ်၂ဝ၊ အခန်း (၄) တွင် နေထိုင်သူ အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီ
ဖြစ်သူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် သားသမီး သုံးယောက် ရက်တစ်ပါတ်ခန့်
က ရောက်ရှိလာခဲ့သည်။ ရန်ကုန်မြို့သို့  မရောက်ခင် မန္တလေးမြို့တွင် သမီးမမိုးမိုးသည် ငှက်ဖျားဝေဒနာကို
ခံစား လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ရောက်ရှိသောအခါ ဦးလေးဖြစ်သူ ဦးမြင့်ဇော်နေအိမ်တွင် နေထိုင် ရင်း ခံစားနေရ
သော ငှက်ဖျားဝေဒနာအား နီးစပ်ရာဆိုင်များမှ ဆေးမှီးတိုများဖြင့်သာကုသခဲ့သည်။သို့ရာတွင် ဝေဒနာပြင်း
ထန်စွာ ခံစားနေရသောကြောင့်ရဲဝင်းအတွင်းရှိရဲမိသားစုဝင်များမှစုပေါင်းအကူငွေဖြင့် ရန်ကုန်မြို့ရှိ မြောက်
ဥက္ကလာပဆေးရုံကြီးသို့ သမီး မမိုးမိုး နှင့် သားငယ် မောင်သားငယ် တို့အား လက်ဆွဲ၍ မိခင်ဖခင်တို့သည် သွားရောက်ကုသရန် ခေတ္တနေထိုင်သော ကျိုက္ကဆံ ရဲရိပ်သာနေအိမ်မှ ထွက်ခွာခဲ့သည်။
 
ဆေးရုံသို့ရောက်ရှိသောအခါ သက်ဆိုင်ရာဆရာဝန်များမှ မမိုးမိုး၏ ဦးနှောက်ထဲသို့ ရောက်ရှိနေသော ငှက်
ဖျားပိုးအား ကုသရန် ပြင်ဆင်နေချိန်တွင် မမိုးမိုးသည် ရုတ်တရက် ဇက်ကျိုးကျကာဘဝတစ်ပါးသို့ ကူးပြောင်း
သွားတော့သည်။ 
 
အစ်မဖြစ်သူ မမိုးမိုး အသက် (၁ဝ) နှစ် ကွယ်လွန်သွားရှာပြီး (၅) မိနစ်ခန့်အတွင်း မိဘများနှင့် အတူလက်ဆွဲ
၍ လမ်းလျှောက်ပါရှိလာသော မောင်လေးလည်း အစ်မဖြစ်သူ ဇက်ကျိုး၍ သေဆုံးသွားသည်ကို မြင်တွေ့ပြီး
မောင်သားငယ်အသက် (၅) နှစ်သည်လည်း အစ်မဖြစ်သူမမိုးမိုး သွားရာနောက်သို့လိုက်ပါသွားတော့သည်။ 
 
မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း မိဘများဖြစ်သူ ဦးအောင်မင်း၊ မပူစူးတို့အားသမီးငယ်နှင့်သားငယ်တို့သည် နှုတ်
မဆက် ဘဲ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားတော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးဖြစ်
သူ မစန်းစန်းနွယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြား အကူညီတောင်းမှုကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)အသင်းသူ/သားများ၊ဝန်ထမ်းများတို့သည် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်
ကာ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ရေဝေးသုဿန်သို့ ကူညီပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ သည်။

ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာ
မြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော သားငယ်
သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဃန်း (၂) စုံနှင့်အတူ ကျန်ရစ်သူချို့
တဲ့အားငယ်နေသောမိသားစုဝင်များနှင့်ယင်းမိသားစုဝင်တို့အားကူညီစောင့်ရှောက် နေထိုင်ခွင့်ပေးခဲ့သော
ကျိုက္ကဆံရဲရိပ်သာနေ အချုပ်ကားမောင်းနှင်သူ ကိုမြင့်ဇော် မိသားစုတို့အား လူသား ချင်းစာနာစိတ်ဖြင့် ကျွန်
တော်၏ ကိုယ်ပိုင်ငွေထဲမှ သားငယ် မောင်သားငယ်၊ သမီးငယ် မမိုးမိုးတို့အားရည်စူး၍အလှူငွေ(ငါးသောင်း)
ကျပ်နှင့် ကိုမြင့်ဇော် မိသားစုတို့အား အလှူငွေ (နှစ်သောင်း) ကျပ်တို့အား လှူဒါန်းမှု ပြုလုပ်ပေးခဲ့သည်။ 
 
ထို့ပြင် ယနေ့ (၃.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သူ ဦးမောင်ညွန့် အသက် (၇၃) နှစ်၏ ဈာပန အခမ်းအနားအားလည်း အသင်းသူ/သားများ၊ ဝန်ထမ်းများတို့ဖြင့် စည်းကားသိုက်မြိုက်စွာဖြင့် နောက်ဆုံးနှုတ်ဆက်ခရီးအား အောင်မြင်စွာ ပြုလုပ်ပေးခဲ့သည်။

ကျွန်တော်သည်အသက်(၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီလူ့ဘဝသက်တမ်းအားမည်မျှ နေထိုင်ရဦးမည်
ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ ငြိမ်းချမ်းစွာ နေထိုင်လိုတော့သည်။ 
 
ထို့ကြောင့် မိမိ၏ မွေးနေ့အတွက်ပြုလုပ်ခဲ့သော ကောင်းမှုများအား မိမိဘဝတစ်ပါးသို့ ပြောင်းလဲရမည့်နေ့၊ မိမိသေဆုံး ရတော့မည့်အချိန်၊ မိမိကမ္ဘာမြေပြင်မှ ထွက်ခွာရတော့မည့် နေ့ရက်များအားရည်စူး၍ ယခုကဲ့
သို့သော လက်တွေ့ကျသောလုပ်ရပ်များ၊ သဘာဝကျသော ကုသိုလ်ကောင်းမှုများ၊ သီလလုံသော ပေးဆပ်
မှုများ ဖြင့်သာ ကျင်လည်နေထိုင်တော့မည်ဖြစ်ကြောင်း ကျွန်တော်၏ မွေးနေ့ (၅၃) နှစ်တွင် သေနေ့အတွက်
 ပြင် ဆင်နေပြီဖြစ်ကြောင်းအများပြည်သူအပေါင်းတို့အားအသိပေး၊သတိပေးစကား ဆိုလိုက်ရပါတော့သည်။

ကျော်သူ
 
Ref: DVB

0 comments:

Post a Comment