Pages

Thursday, October 4, 2012

စင်ကာပူတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် R ဇာနည်

စင်ကာပူတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် R ဇာနည်

စင်ကာပူနိုင်ငံတွင် အောက်တိုဘာလ၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလ်ုပမည်ဖြစ်ပြီးသီချင်းအပုဒ် ၂၀ ကျော်
သီဆိုဖျော်ဖြေသွားမည်ဟု Rဇာနည်က ပြောသည်။ တစ်ကိုယ်တော်ရှိုးပွဲကို အောက်တိုဘာ ၂၇ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ထွန်းအိန္ဒြာဗို၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်တို့ ပါဝင်ကူညီဖျော်ဖြေမည် ဖြစ်
သည်။

ယခု ပြုလုပ်မည့်ပွဲသည် Rဇာနည်၏ သုံးကြိမ်မြောက် တစ်ကိုယ်တော်ရှိုးပွဲဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့
တွင်လည်း ပြုလုပ်ခဲ့သည်။

(ရန်ကုန်မြို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် တွေ့ရသည့် R ဇာနည်မိသားစု)
“အရင်အချိန်တွေလို မတူအောင် ဖျော်ဖြေမှာတော့ မဟုတ်ဘူး။ အခုဆိုရင် ထွက်ထားတဲ့ သီချင်းအသစ်တွေ
ထဲကရော အဟောင်းတွေရေပရိသတ်နားထောင်ချင်တဲ့သီချင်းတွေ အားပါးတရ ဖျော်ဖြေမှာ”ဟု  Rဇာနည်
က ပြောသည်။ Rဇာနည်၏ တစ်ကိုယ်တော်စီးရီး “အဆိပ်တက်အိပ်မက်” ဗီစီဒီရိုက်ကူးပြီးနောက် အောက်တို

ဘာလတွင်း ထွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။


7days News:

0 comments:

Post a Comment