Pages

Thursday, October 4, 2012

ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း

phyu phyu kyaw thein

မကြာခင်က ထွက်ရှိထားတဲ့ "မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” ကိုယ်ပိုင်သံစဉ် တစ်ကိုယ်
တော်ခွေက ဖြူဖြူကျော်သိန်းကို နဂိုရှိရင်းစွဲ ပရိသတ်အရေအတွက်ကနေ ပရိသတ်သစ်တွေ ထပ်တိုးစေခဲ့တဲ့ အယ်လ်ဘမ်တစ်ချပ် ဖြစ်စေခဲ့ပါတယ်။ မြန်မာမှုပြုထားတဲ့ ကော်ပီသီချင်းတွေကို သီဆိုခဲ့ပြီး မူရင်းနာမည်
ကျော် အင်္ဂလိပ်သီချင်းများကို Cover လုပ် သီဆိုခဲ့တဲ့ စီးရီးအပါအဝင်တစ်ကိုယ်တော်စီးရီးသုံးခွေထွက်ရှိထား
ပါတယ်။
အခု “မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်”စီးရီးကတော့ ဖြူဖြူကျော်သိန်း ဈာန်ဝင်စားတဲ့ကိုယ်ပိုင်
သံစဉ်ဆိုတာ ဒီလိုပါလားလို့ အားလုံးက အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့တဲ့ သူမရဲ့ကိုယ်ပိုင်သံစဉ်တစ်ကိုယ်
တော်ခွေနဲ့ ဂီတအစည်းအရုံး အထွေထွေအတွင်းရေးမှူး အတွေ့အကြုံတွေကို မေးမြန်းထားပါတယ်။

မဖြူရဲ့“မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်"စီးရီးဟာပထမဆုံးကိုယ်ပိုင်သံစဉ် စီးရီးဖြစ်တဲ့အပြင်

 တီးလုံးတွေကို တော်တော်လေးဆန်းသစ်ထားတာ တွေ့ရတယ်။ သံစဉ်ရွေးချယ်မှုအပိုင်းကို စိတ်တိုင်းကျခဲ့
လား။

ဖြူဖြူ့အခွေမှာ အခုလို တီးလုံးအကြောင်း တခုတ်တရမေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ။် အရမ်း

လည်း ကျေနပ်ဝမ်းသာပါတယ်။ ဒါကိုယ်ပိုင်သံစဉ် ဖြစ်နေလို့ပါ။ ဒီလိုသံစဉ်တွေ ဘာကြောင့်ဖန်တီးနိုင်ကြလဲ
ဆိုတော့ ဟိုအရှေ့ရှေ့တွေက ကော်ပီသံစဉ်များစွာကို လေ့လာဖန်တီးပြီး ဒါတွေကို အတုယူပြီး တီးခတ်ဖန်
တီးကြတဲ့ ဂီတပညာရှင်များရှိလို့ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကော်ပီသီချင်းပေါင်းများစွာကို Ref လုပ်ပြီး
တီးလာရင်းနဲ့မှ ဖြူဖြူတို့ ဂီတဆိုတာလည်း တဖြည်းဖြည်းပုံစံလေးတွေ ပြောင်းလာခဲ့တာပါ။  ဖြူဖြူ့စိတ်ထဲ
မှာ ကော်ပီရယ်၊ ကိုယ်ပိုင်သံစဉ်ရယ်လို့တော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။

ခု ဒါဆိုဘာကြောင့် ကိုယ်ပိုင် သံစဉ်လုပ်လဲဆိုတော့ လုပ်ချင်စိတ် ရှိလာတယ်။ လုပ်ဖို့လည်းအချိန်တန်လာပြီ

ထင်လို့ပါ။ ဒီလိုပြောလို့ကိုယ်ပိုင်သံစဉ်ချည်းပဲ လုပ်မလားဆိုရင်တော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့ဖြူဖြူတို့ ကိုယ့်
အရပ်နဲ့ကိုယ့်ဇာတ်နဲ့ဆို ကိုယ်ပိုင်ချည်းလုပ်ဖို့ဆိုတာ အချိန်ယူရတယ်။ ဖြူဖြူ့အသံနဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင်
သံစဉ်တီးလုံးတွေကို လေးဇီးကလပ်တီးဝိုင်းက ဖန်တီးပေးတယ်။ဒီခွေကနေတစ်ခါမှမရဖူးတဲ့Sense လေးတစ်
ခုရတယ်လို့ အပြောခံရတာ အရမ်းဂုဏ်ယူတယ်။

မဖြူရဲ့စီးရီးက ဒီရက်ပိုင်းအတွင်းဘယ်မှာမေးမေးကုန်နေပြီလို့ပဲ ကြားရတယ်။ခိုးကူးလည်းဖမ်းနေတဲ့အချိန်

ဖြစ်တော့ အရမ်းရောင်းရမှာပေါ့။

အရမ်းရောင်းရတယ်ကြားတော့ တစ်ဖက်ကလည်း ရယ်ချင်သလို တစ်ဖက်ကလည်း ဝမ်းနည်းမိတယ်။ မြန်

မာပြည်မှာ လူသန်းပေါင်းခြောက်ဆယ်ရှိတယ်။ အဲဒီအချိန်မှာ အရောင်းရဆုံးခွေက ထောင်ဂဏန်းဆိုတာ အ
ရမ်းရယ်ရတယ်။ 

ဆိုလိုတဲ့ အရမ်းရောင်းရတယ်ဆိုတဲ့ ပမာဏက ဖြူဖြူရဲ့ပထမအကြိမ်ရိုက်နှိပ်တဲ့ ခွေငါးထောင် ကုန်သွားတာ
ကို ဆိုလိုတာပါ။ သန်းခြောက်ဆယ်မှာ ခွေငါးထောင်လောက် ရောင်းရတာကို အရမ်းရောင်းရတယ်ဆိုရင်တ
ခြားနိုင်ငံတွေကများကြားရင် ဖြူဖြူတို့တွေကို ရူးများရူးနေကြလား ထင်ကြလိမ့်မယ်။ဒါပေမဲ့အဲဒါအမှန်တရား
ပါ။


phyu phyu kyaw thein


Memor of Diva တုန်းက အော်ဒီယိုတစ်မျိုးတည်း ထွက်ခဲ့တော့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေ

တယ်" စီးရီးအတွက် ဗီစီဒီကို ဆက်ရိုက်ဖြစ်ဦးမလား။

ဗီစီဒီတော့ ရိုက်ပါမယ်။ အင်္ဂလိပ်ခွေတုန်းက ဖြူဖြူ ဈေးကွက်ကိုလည်း သိပ်မသိခဲ့ဘူး။ ရိုက်နိုင်အားလည်းမရှိ

ချင်တော့တဲ့အတွက် မရိုက်တော့ဘူး။ “မိန်းကလေးတစ်ယောက်”ကိုတော့ ဒီလကုန်မှာ စရိုက်ပါမယ်။ ဒါရိုက်
တာက ကိုသုံးပေါင်၊ မီဒီယာကမ္ဘာ၊ Forever Bloosm တို့အားဖြည့်ပါမယ်။

မဖြူနဲ့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) တို့ ဆိုထားတဲ့ တီအားမိုသီချင်းက အရမ်းပေါက်ခဲ့တော့ မခိုင်ကြီး တစ်ကိုယ်

တော် ရှိုးမှာအဲဒီသီချင်းနဲ့ အစ်မ ပါဝင်အားဖြည့် သီဆိုပေးဖို့ ရှိမလား။

မခိုင်က ဖြူဖြူ့ကိုပြောထားပါတယ်။ မခိုင်က အကယ်ဒမီရုပ်ရှင်မင်းသမီးဖြစ်သလို တစ်ဖက်ကလည်း ဖြူဖြူ

ကြိုက်ရတဲ့ အဆိုတော်ကြီးလည်း ဖြစ်တယ်။ ဂီတညီအစ်မလည်း ဖြစ်တဲ့အတွက်ကြောင့် မမရဲ့ပွဲမှာ ဖြူဖြူပါ
ဝင်ကူညီရမှာ အရမ်းဝမ်းသာမိတယ်။ အဲဒီပွဲမှာ ဘာဆိုမယ်ဆိုတာကိုတော့ လျှို့ဝှက်ထားလို့လည်း မရတော့
တဲ့အတူတူ ဖြူဖြူပြောပါမယ်။ တီအားမိုသီချင်းကိုပဲ ဖြူဖြူတို့ညီအစ်မ အလှအပတွေနဲ့ ဆိုကြမယ်။

မဖြူရဲ့ ပထမဆုံးနဲ့ တစ်ကားတည်းသော ဗီဒီယိုဇာတ်ကား “ဘော်ဒီဂတ်”ကတစ်လောကတော့ ထွက်တော့

မလိုလို အသံကြားပြီး ခုငြိမ်ချက်သားကောင်းနေပါလား။

တလောကတော့ ထွက်မယ်ဆိုပြီး တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိုက်သေးတယ်။ ခုတော့ပြန်

ငြိမ်သွားပြန်တယ်။ ဖြူဖြူ့ကိုလည်း ဘာမှထပ်မပြောတော့ မသိဘူးဖြစ်နေတယ်။ အရင်ခေတ် အခြေအနေ
အရဆိုရင်တော့ တခြားနိုင်ငံမှာ ခိုလှုံသွားတဲ့သူ(သရုပ်ဆောင် ဟန်နီထွန်းကို ဆိုလိုခြင်းဖြစ်သည်) ဒီဇာတ်
ကားမှာ ပါတဲ့အတွက်ကြောင့် မထွက်ဖြစ်တော့ဘူးဆိုတာ လက်ခံတယ်။ ခုနိုင်ငံက ပြောင်းနေပြီပဲ။ ဒါမျိုးတွေ ထပ်မရှိသင့်တော့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ။

ဂီတအစည်းအရုံး အတွင်းရေးမှူးတစ်ယောက် အနေနဲ့ မဖြူဖြစ်စေချင်တဲ့ အစည်းအရုံးပုံစံကို ပုံဖော်ပါဦး။

ဂီတလောကသားတွေအနေနဲ့ဘာတွေကရပိုင်ခွင့်ရှိလဲဆိုတာပွင့်ပွင့်လင်းလင်း ပြောပြသွားမယ်။ဂီတလော

ကသားတွေကလည်း စိတ်ဝင်စားပေးကြပါလို့ ဖြူဖြူက မေတ္တာရပ်ခံချင်တယ်။ ဖြူဖြူတို့ ဂီတအစည်းအရုံးဟာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေတယ်ဆိုတာကို သိစေချင်တယ်။ ဘာတွေလုပ်နေလဲဆိုတာ အမြဲတမ်း သ
တင်းပေးသွားမယ်။ 

မီဒီယာတွေက တစ်ဆင့်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဂီတလောက စတူဒီယိုတွေကနေ ဖြစ်ဖြစ်၊ ဖုန်း အက်စ်အမ်အက်နဲ့
ပဲဖြစ်ဖြစ်၊ အီးမေးလ်နဲ့ပဲ ဖြစ်ဖြစ် ပြန်ကြားပေးသွားပါမယ်။ တခြားသာတူညီမျှဖြစ်ရေးကိစ္စတွေကို ဆောင်ရွက်
သွားရင်းနဲ့ တစ်ဖက်ကလည်း အဆင့်မီတဲ့ ဂီတဆုပေးပွဲကို ကြိုးစားသွားမှာပါ။

ခိုးကူးကိစ္စပြောရင် တစ်ဆက်တည်းပါလာမှာက ဂီတသမားအားလုံးကရော ကိုယ်ပိုင်သံစဉ် ဖန်တီးထားလို့

လားလို့ မေးခွန်းထုတ်လာကြတယ်။ မဖြူတို့ ဒီအခြေအနေကို ဖြတ်သန်းရတာ လွယ်မယ်ထင်လား။

မူပိုင်ခွင့်ဆိုတာ ကော်ပီရယ်၊ ကိုယ်ပိုင်သံစဉ်ရယ်လို့ ခွဲပြောတာမဟုတ်ပါဘူး။ အနုပညာဖန်တီးမှုကိုကာကွယ်

ခြင်းလို့ ယူဆပါတယ်။ ကော်ပီဆိုတာကလည်း ကိုယ့်ဘာသာနဲ့ ကိုယ့်တီးဝိုင်းနဲ့ မြန်မာအဆိုတော်က ဆိုကြ
ရတာပါ။ ဥပမာ မြန်မာစာသားထည့်ကတည်းက ကိုယ့်စာသားဖြစ်အောင် ဖန်တီးရေးသားရပါတယ်။ 

ဖန်တီးမှုက သူ့နေရာလေးနဲ့ သူအတိုင်းအတာ တစ်ခုပါနေပါသေးတယ်။ ထောက်ပြပြောဆိုတဲ့သူကလည်း
သေသေချာချာဝေဖန် ပြောဆိုနိုင်ခြင်း မရှိဘူး။ ပြန်ပြီး ကာကွယ်ရမယ့်သူကလည်း ရေရေရာရာ မရှင်းပြနိုင်
ဘူး။

ပရိသတ်၊ သက်ဆိုင်သူနဲ့ အနုပညာရှင်ကြားမှာ အထင်အမြင်လွဲမှားစရာတွေ၊ ပြစ်တင်ပုံချစရာတွေ ရှိနေသ

ယောင်ဖြစ်နေတာပါ။ ဒါကြောင့် ဖြူဖြူတို့ ဂီတအစည်းအရုံးက အနုပညာသမားတွေသိတဲ့ အခေါ်အဝေါ်တွေ၊ သတ်မှတ်ချက်တွေကို ဘာသာပြန်စာအုပ်တွေက တစ်ဆင့်၊ စာရွက်စာတမ်းတွေနဲ့ ပြောပြသွားမှာပါ။ 

ပရိသတ်နဲ့ မီဒီယာတွေလည်း သိသင့်ပါတယ်။ အကြောင်းအရာ တစ်ခုကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းရှိပြီး
မှ ဝေဖန်ကြစေချင်ပါတယ်။ ဆိုတာ၊ ရေးတာ၊တီးတာ၊ ဖြန့်ချိတာ အားလုံး ကိုယ်တိုင်ငွေကြေးစိုက်ထုတ် ကုန်
ကျပြီးလုပ်ရတာပါ။ ကိုယ်ပိုင်သံစဉ်မဟုတ်လို့ အနုပညာသမားဘက်က အော်ခွင့်မရှိဘူးဆိုတာ မမှန်ကန်ပါ
ဘူး။

ကျေးဇူးတင်ပါတယ်။

အေးသူစံ 

7Day News Journal

0 comments:

Post a Comment