Pages

Thursday, October 4, 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ည ၁၀နာရီ ရန်ကုန်ကို ပြန်ရောက်မယ်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် ကိုရီယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့က အမေရိကန် ကယ်လီဖိုးနီးယား က လော့စ် အိန်ဂျလိစ်မြို့ ကနေ
မန်မာနိုင်ငံကို ပြန်လည် ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။ 

ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်က ပေးအပ်တဲ့ ရွှေတံဆိပ်ဆုကို လက်ခံယူတာ၊ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုးဘားမား၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန် အစရှိ
တဲ့ အမေရိကန် အစိုးရ ခေါင်းဆောင်တွေ ၊ အထက် လွှတ်တော်၊ အောက် လွှတ်တော် ခေါင်းဆောင်တွေ
၊ အမေရိကန်နိုင်ငံရေးလောက က  အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာတက္ကသိုလ်တွေမှာလည်းဆွေးနွေး ဟောပြောမှုတွေလုပ်ပြီးအမေရိကန်
ရောက် မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 



ဧရာဝတီ

0 comments:

Post a Comment