Pages

Friday, October 12, 2012

International Myanmar ICT ပြပွဲ ကျင်းပမည်

International Myanmar ICT Exhibition 2012

International Myanmar ICT Exhibition 2012 ကို အောက်တိုဘာ၁၂ ရက်မှ၁၄ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရ
လမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း၄၀
ဝန်းကျင်မှ ပြခန်းပေါင်း ၁၂၀ ပါဝင်ပြသမည်ဖြစ်သည်။
ပြပွဲတွင် နောက်ဆုံးပေါ် အိုင်တီနှင့်မိုဘိုင်းနည်းပညာများအပြင်Fibeer Optic, GPS System, Banking,Security
စသည့် နည်းပညာများကို စုံလင်စွာဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရ
သည်။

International Myanmar ICT Exhibition 2012

ထို့အပြင် ပြပွဲတွင် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများ ပါဝင်ကံစမ်းနိုင်
မည့် ကျပ်ဆယ်သိန်းတန်ဖိုးရှိ ကံစမ်းမဲအစီအစဉ်၊ လာရောက်ကြည့်ရှု၍ ပစ္စည်းဝယ်ယူသူများပါဝင်ကံစမ်းနိုင်
မည့် ကျပ်သိန်းသုံးဆယ်တန်ဖိုးရှိ ကူပွန်ကံစမ်းမဲအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

 ပြပွဲလာရောက်ကြည့်ရှုသူများ ကံစမ်းနိုင်မည့် အစီအစဉ်တွင် အမြင့်ဆုံး ကျပ် ၂၅၀,၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၅,၀၀၀ တန်ဖိုးရှိ ပစ္စည်းများ ပါဝင်ပြီး ပစ္စည်းဝယ်ယူသူများအတွက် ကူပွန်ကံစမ်းမဲ အစီအစဉ်တွင် အမြင့်
ဆုံး ကျပ် ၅၀၀,၀၀၀ မှ အနိမ့်ဆုံး ကျပ် ၅၀,၀၀၀ တန်ဖိုးရှိ ကံစမ်းမဲပစ္စည်းများ ရရှိနိုင်မည်ဖြစ်သည်။

 ပြပွဲကာလအတွင်း ပါဝင်ပြသသော ကုမ္ပဏီများကလည်း ကံစမ်းမဲနှင့် အထူးလျှော့ဈေး အစီအစဉ်များဖြင့် သက်ဆိုင်ရာ ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Internet Journal

0 comments:

Post a Comment