Pages

Friday, October 12, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်

မုန်တိုင်းငယ်အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နေသော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း
ဒေသကြီး လေးနေရာတွင် ယနေ့ (အောက်တိုဘာ ၁၁ ရက်) နံနက် ၅ နာရီမှ ၂၄ နာရီအတွင်း မိုးသည်းထန်
စွာ ရွာသွန်းနိုင်ပြီး နေရာကွက်ကြား မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိ
ယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်ယနေ့မနက်တွင် မောင်
တောအနောက်မြောက်ဘက် မိုင်၈၀ ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့် ဖြတ်ကျော်
ဝင်ရောက်လျှက်ရှိကြောင်း ဦးချစ်ကျော်ကပြောသည်။ ဖြတ်ကျော်ဝင်ရောက်နေစဉ်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် နေရာ ကွက်ကြားမိုးကြီးနိုင်ကြောင်း
၊ မိုးရွာသွန်းမှုသည် မုန်တိုင်းမှ ကွဲ ထွက်လာသောဆဲလ် များကြောင့်ဖြစ်ပြီး ၂၄ နာရီ ကြာမြင့်နိုင်ကြောင်း အ
ထက်ပါပုဂ္ဂိုလ်က ပြောသည်။

"မကွေးကတော့ မနေ့က တစ်နေ့လုံး ဖုန်းဆက်တယ်။ တောင် ကျချောင်းရေကြောင့် ရေကြီးနိုင်တဲ့ နေရာ
aတွမှာတော့ မနေ ကြဖို့ ဘေးလွတ်ရာပြောင်းနေကြဖို့ သတိပေးထားတယ်။ ဘီတူးအိုမုန်တိုင်းတုန်းက ယော
aချာင်းတို့၊ ယင်းချောင်းတို့ နားမှာ နေတဲ့သူတွေ ထိကြတယ်လေ။ သူတို့ကိုလည်း မနေဖို့ ပြောထားပါတယ်
"ဟု ဦးချစ်ကျော်ကပြောသည်။ မုန်တိုင်းသက်ရောက်မှုကြောင့် မိုးအများဆုံး ရွာသွန်းမည့် ဒေသ ကြီးလေးခု
အနက် ယခုလက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် မိုးရေချိန် ၇ လက်မ၊ ချင်းပြည်နယ်တွင် ၂ လက်မ၊ မကွေး
တိုင်းဒေသကြီးတွင် ၁လက်မ(၂၅ မီလီမီတာ) အထိ ရွာသွန်းနေကြောင်း ဦးချစ်ကျော်ကပြောသည်။

"ကုန်းတွင်းပိုင်းကတော့ ဘာမှမဖြစ်နိုင်ဘူး။ ပင်လယ်ပြင်ကတော့ သက်ရောက်မှု ပြင်းထန်နိုင်တယ်။ မနေ့က ရခိုင်ကလူတွေ ဖုန်း ဆက်တော့ပင်လယ်ပြင်ကအရမ်းလေပြင်းထန်နေတယ်။သင်္ဘောတွေ ထွက်ပြေးရတယ်
လို့ ပြောတယ်။ ကုန်းတွင်းဝင်ပြီးသွားပြီဆိုရင်ညနေပိုင်းလောက်အားပျော့သွားနိုင်တယ်"ဟု မိုးလေ၀သပညာ
 ရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။

မုန်တိုင်းငယ်သည် မောင်တောတွင် အဖျားခတ်သွားပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်မြောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် မိုးရေချိန် ၃လက်မ၀န်းကျင်ရွာသွန်းနိုင်
aသ်ာလည်း ဘီတူးအိုမုန်တိုင်းကဲ့သို့ ရေမကြီးနိုင်၍ စိုးရိမ်ဖွယ် မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာ ရှင်
 ဒေါက်တာ ထွန်းလွင် ကပြောသည်။

7Day News Journal

0 comments:

Post a Comment