Pages

Friday, October 12, 2012

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဝိန်းရွန်နီကို ခန့်အပ်



အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည့်အတွက် ဝမ်းသာကြောင်းနှင့် အသင်းကို ရွိုင်ကိန်းကဲ့
သို့ ဦးဆောင်မှု ပေးလိုကြောင်း ဝိန်းရွန်နီက ဖွင့်ဟ ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူးသည် အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင်ဂျရတ် ပွဲပယ်ခံရပြီး ဒုတိယ အသင်းခေါင်းဆောင် ဖရန့်ခ်လမ်းပတ် ဒဏ်ရာရနေချိန်တွင် အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့် ရခဲ့သည်။
မန်နေဂျာ ဟော့ဂ်ဆန်၏ ယုံကြည်ကိုးစားမှုကို ရရှိခဲ့သည့်နောက် အသက်(၂၆)နှစ်ရှိ ကစားသမားက တစ်
ချိန်က နာမည်ကျော်ခဲ့သည့် မန်ယူ အသင်းခေါင်းဆောင်ဟောင်း ကိန်းကို အတုယူကာ အသင်းအတွက်စိတ်
ဓာတ်မာကြောစွာ ဦးဆောင်မှု ပေးမည်ဟု ကတိပြုခဲ့သည်။

"အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးကို ခန့်အပ်ခံရတာဟာ ဂုဏ်ပြုမှု တစ်ခုပါ။ ကျွန်တော် သိပ်ကို ကျေ
နပ်မိပါတယ်။ ကျွန်တော် ကြုံတွေ့ဖူးသမျှ အသင်းခေါင်းဆောင် အားလုံးမှာ ကိန်းကတော့ အထူးချွန်ဆုံးဆို
တာ သံသယ မရှိပါဘူး။

သူနဲ့အတူ နှစ်တချို့ တွဲကစားပြီးတဲ့နောက် သူ့ရဲ့ စိတ်ဓာတ်နဲ့ အသင်းအပေါ် ဦးဆောင်မှု ပေးပုံတွေကို သင်
ယူနိုင်ခဲ့ပါတယ်။ သူဟာ အတော်ဆုံး အသင်းခေါင်းဆောင် တစ်ယောက်ပါ။ ကျွန်တော်လည်း သူ့လို အရည်
အသွေး တချို့ကို ပိုင်ဆိုင်ပြီး ပွဲတွေမှာ ဦးဆောင်မှု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ရွန်နီက ပြောကြားသွား
သည်။

Planet Myanmar Network:

0 comments:

Post a Comment