Pages

Sunday, October 7, 2012

GSM မိုင်ဘိုင်းအင်တာနက် ခေတ္တပြတ်တောက်မည်ဟု အသိပေ;aBuNim

GSM မိုင်ဘိုင်းအင်တာနက် ခေတ္တပြတ်တောက်မည်ဟု အသိပေးထား

ရန်ကုန်မြို့ မိုဘိုင်းကွန်ရက်တစ်ခုဖြစ်သော Huawei GSM/UMTS စနစ်တွင် SGSN Capacity တိုးမြှင့်ခြင်းနှင့် Resource Adjustment ပြုလုပ်ခြင်းတိုကို အောက်တိုဘာ၁၀ရက်နှင့် အောက်တိုဘာ၁၅ ရက်တို့တွင် ဆောင်
ရွက်သွားမည်ဖြစ်ရာ အဆိုပါရက်များ၏ နံနက်အစောပိုင်းအချိန်တွင် Huawei GSM/UMTS ကွန်ရက်နှင့်ချိတ်
ဆက်ထားသော နေရာဒေသများတွင် GSM မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုမှုကို ခေတ္တဆိုင်းငံ့ထား
မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးချက် ထုတ်ပြန်ထားသည်။
အင်တာနက်အသုံးပြုမှု ခေတ္တပြတ်တောက်နိုင်သည့် ဒေသများမှာ အောက်ပါအတိုင်းဖြစ်ကြောင်းသိရသည်။

(၁) ရန်ကုန်တိုင်းဒေသကြီး

မှော်ဘီ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်/မြောက်/အရှေ့)၊ ထောက်ကြံ့၊ ရွှေပေါက္ကံ၊ ရွှေပြည်သာ

(၂) ပဲခူးတိုင်းဒေသကြီး (အရှေ့/အနောက်)

(၃) ဧရာဝတီတိုင်းဒေသကြီး

(၄) တနင်္သာရီတိုင်းဒေသကြီး

(၅) နေပြည်တော် (တောင်ပိုင်း)

(၆) ရခိုင်ပြည်နယ်

(၇) ရှမ်းပြည်နယ် (အရှေ့/တောင်)

(၈) ကယားပြည်နယ်




ကြေးမုံ& မြန်မာ့အလင်း

0 comments:

Post a Comment