Pages

Sunday, October 7, 2012

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး



မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နှင့်လွယ်ထားတဲ့ကလေးငယ်တို့စက်တင်ဘာ၂၇ရက်နေ့က အသက်ဆုံးရှူံးသွားသည်
ဟု သိရသည်။
အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူဖြစ်ပြီးရွာတွင်ကလေးမမွေးနိုင်သောကြောင့်မတူပီပြည်သူ့ဆေးရုံသို့အတွင်းလူနာအဖြစ် လာရောက်
သူဖြစ်ကြောင်း သိရသည်။
ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက်၁၀နာရီမှာခွဲဖို့ပြင်ထားတာ၊အချိန်မှီမခွဲလို့ကလေးအမေကဆုံးသွားတာနေမှာပါ ” ဟု ဒေသခံတဦး
က ပြောသည်။
ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်က ကလေးကို ခွဲ ထုတ်သော်လည်း ကလေးပါ ဆုံးပါးသွားကြောင်း သိရသည်။
ထို့အပြင်ဆရာဝန်သည်နယ်တာဝန်ကျကျန်းမာရေးဝန်ထမ်းများနှင့်အပေးအယူလုပ်ပြီးအဆိုပါ ၀န်ထမ်းများ
အား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။
ကျတော်တို့ရွာကိုသားဖွားဆရာမမလာတာနှစ်နဲ့ချီပြီ၊ဆရာဝန်နဲ့နားလည်မှုယူထားလို့ဆိုပြီး သူ့ရွာမှာ
ပဲ အေးအေး ဆေးအေးနေနေတယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။မြို့နယ်
ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊ အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့်ကလေးအမေတဦး ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။

Chin News group

0 comments:

Post a Comment