Pages

Sunday, October 7, 2012

မိုဘိုင်းဖုန်းတွင် ကစားနိုင်မည့် မြန်မာဂိမ်းတစ်ခု မကြာမီ ဖြန့်ချိမည်

Android နှင့် iOS Platform စနစ်အသုံးပြုမိုဘိုင်းဖုန်းများတွင်ကစားနိုင်မည့် မြန်မာဂိမ်းတစ်ခုကို စင်ကာပူနိုင်
ငံအခြေစိုက် Rival Edge Pte Ltd မှ မြန်မာကွန်ပျူတာပညာရှင်များက ရေးဆွဲထားပြီဖြစ်ပြီး ယခုလနောက်
ဆုံးပတ်အတွင်း Apple Store ပေါ်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အခမဲ့ရယူနိုင်မည့် မိုဘိုင်းဂိမ်းဖြစ်သည့်အဆိုပါဂိမ်းအမည်မှာငတက်ပြားဖြစ်ပြီးအချိန်ပြည့် ပြေးလွှားလှုပ်ရှား
နရပြီး မိုင်ပေါင်းမည်မျှပြေးနိုင်သည်။ ပြေးခဲ့သည့် လမ်းတစ်လျှောက် ရွှေထုတ်မည်မျှ ရရှိသည်ဆိုသည့် အ
ချက်များကို ထည့်သွင်းရေးဆွဲထားသည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အမှုဆောင်အ
ရာရှိချုပ် ဦးအောင်စည်သူကျော်ကပြောသည်။

Android နှင့် iOS Platform စနစ်ရှိ မိုဘိုင်းဖုန်းများပေါ်တွင် ကစားနိုင်သော Temple Run နှင့် Jetpack Joyride ကဲ့သို့ အချိန်ပြည့် ပြေးလွှားနေရသည့် ဂိမ်းအမျိုးအစားများနှင့် ဆင်တူသည့် ငတက်ပြားဂိမ်း၏ ထူးခြားချက်
မှာ နောက်ခံတီးလုံးကိုငတက်ပြားဂိမ်း၏ဇာတ်ကောင်လှုပ်ရှားမှုပေါ်အခြေခံပြီး မြန်မာ့ရိုးရာ ဆိုင်းတီးလုံးဖြင့်
ဖန်တီးထားခြင်းဖြစ်သည်။

နိုင်ငံတကာရှိ မြန်မာများ ကစားနိုင်ရန်အတွက် သီးသန့်ရေးဆွဲထားသည့် ငတက်ပြားဂိမ်းတစ်ခုလုံးသည် မြန်
မာဘာသာများဖြင့်သာ ပါရှိမည်ဖြစ်ပြီး 2D Platform ပေါ်တွင် ကစားနိုင်မည်ဖြစ်သည်။

ငတက်ပြားဂိမ်းသည် နောက်ဆုံးအဆင့်မရှိဘဲ တစ်ချိန်ချိန်တွင် ဇာတ်ကောင်သေဆုံးမည်ဖြစ်သည်။ အဓိက ကစားရမည်မှာ မိုင်ပေါင်းမည်မျှ ပြေးနိုင်ပြီး ငွေထုပ်ပေါင်း၊ ရတနာတုံးပေါင်း၊ ရွှေပြားပေါင်း မည်မျှရှာနိုင်
သည်ဆိုသည့်အချက် ဖြစ်သည်။

မြန်မာကွန်ပျူတာပညာရှင်များ ရေးဆွဲထားသည့် ငတက်ပြားဂိမ်းသည် စတင်ထွက်ရှိပြီး လအနည်းငယ်အ
ကြာတွင် ပိုမိုအဆင့်မြင့်တင်ထားသည့် ဗားရှင်းအဖြစ် ဆက်လက်ထွက်ရှိလာမည်ဟု သိရသည်။

ကမ္ဘာကျော် အွန်လိုင်းစတိုးဖြစ်သည့် Apple Store ပေါ်တွင် ယခုနောက်ပိုင်း မြန်မာ Developer များ ရေးဆွဲ
သည့် ဂိမ်းများသည် ခပ်စိပ်စိပ် ရယူအသုံးပြုလာနိုင်ကြသည်ဟု ပြည်တွင်းပြည်ပ အွန်လိုင်းကျွမ်းကျင် အသုံး
ပြုသူများထံမှ သိရသည်။

ယုဇနကိုကို
7days News 

0 comments:

Post a Comment