Pages

Saturday, September 8, 2012

Samsung မှထုတ်မည့် ကမ္ဘာ့အပါးဆုံး Laptop




ကမ္ဘာ့အပါးဆုံး Laptop အနေနဲ့ Samsung မှထုတ်လုပ်မယ့်လို့ ပြီးခဲ့တဲ့ ဇွန်ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပါ
တယ်။Samsung ရဲ့ Series Ultrabook ကိုပဲ နောက်ဆုံးထွက်အနေနဲ့အပါးဆုံး ဖန်တီးထား ခြင်း ဖြစ်ပါတယ်။
အထူ ၀.၆ လက်မသာ ရှိပြီး Apple ထုတ် Macbook ထက်တောင် ပါးမှာ ဖြစ်ပါတယ်။ Macbook ရဲ့ အပါးဆုံး
တောင် ၀.၇၁ လက်မရှိနေတဲ့အတွက် Series 7 ကအပါးဆုံးပြန်ဖြစ်လာတော့ မှာ ဖြစ်ပါတယ်။

အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်း လျော့ချထားပြီး ၃ လက်မမော်ဒယ်၊ ၁၅ လက်မ မော်ဒယ် လို့ ခွဲပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Windows OS နဲ့ပဲ အလုပ်လုပ်မှာ ဖြစ်ပါ တယ်။

Series 9 မှာ ပါဝင်မယ့် feature များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Operating System : Windows 7 နဲ့ ပြသခဲ့ပေမယ့် တကယ်ထွက်ရှိချိန်မှာ Windows 8 အသုံးပြုမယ်လို့ ဆိုပါတယ်။

Meomory : 4GB RAM . Base Drive Capacity -128GB စီ ပရှိပါတယ်။ SSD ကဒ်slot ပါဝင်ပါသေးတယ်။
Processor : Intel Core Porcessor ရဲ့  တတိယမျိုးဆက် Core i7 ကိုအသုံးပြုထားပါတယ်။ Core i5 နဲ့လည်း ထွက်ရှိမှာ ဖြစ်ပါတယ်။

Battery : မျက်နှာပြင် အလင်းရောင် တစ်ဝက်လျော့ချထားရင် ၁၀ နာရီခံ မှာ ဖြစ်ပါတယ်။ သာမန် ပရိုဂရမ်
တစ်ခုခုသုံးနေမယ်ဆိုရင်တော့ ၈နာရီ ခံမှာ ဖြစ်ပါတယ်။

Brightness : LCD မျက်နှာပြင်၊ HD+ , သာမန် Laptop screen ထက် ၁၄ဆ ပိုပြီးတော့ လင်းပါတယ်။USB :
USB 3, USB 2 များ ထောက်ပံ့ပေးထားပါတယ်။

Weight : ၁၃လက်မ - ၂.၅ပေါင် / ၁၅ လက်မ - ၃.၆ ပေါင်

၇၅ ရာခိုင်နှုန်းသော အစိတ်အပိုင်းများကို Samsung မှ ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။ Diablo 3 တို့လို အက်
ရှင်း ဂိမ်းများလောက် ဆော့ကစားလို့ ရအောင်တောင် Graphic ထောက်ပံ့ပေး ထားတယ်လို့ ဆိုပါတယ်။

ဈေးနှုန်းကတော့ ၁၃ လက်မ Ultrabook ကို အမေရိကန်ဒေါ်လာ ၁၂၉၉ ၊ ၁၄ လက်မ Ultrabook ကိုတော့ ၁၄၉၉ ဒေါ်လာ သတ်မှတ်ထား ပါတယ်။ Series 9 ကို ၂၀၁၃ နှစ်ဆန်းပိုင်းရောက်မှ ထုတ်လုပ်ရောင်းချ မှာ
 ဖြစ်တယ်လို့ သိရပါတယ်။---

Aung Kham (TSJ Tech Team)

Ref:Samsung

 Tech space Journal

0 comments:

Post a Comment