Pages

Saturday, September 8, 2012

Nokia Lumia 920 နဲ့ iPhone 4S


iPhone 5 တော့မထွက်သေးပါဘူး။ iPhone 4s ထက် Nokia Lumia 920 က သာပါတယ်လို့တော့ သက်သေပြသွားပါပြီ။ ကင်မ
ရာချင်း ယှဉ်လိုက်တာ ဖြစ်ပါတယ်။ အလင်းရောင်မရှိတဲ့ အလုံပိတ် Space ထဲမှာ ပန်းပုံကို Lumia 920, iPhone 4s တို့နဲ့အတူတူ ရိုက်ခဲ့ပါတယ်။ ထွက်လာတဲ့ ပုံက iPhone 4S မှာ မှောင်မဲနေပြီး Nokia Lumia 920 မှာ သူ့အရောင်နဲ့သူ ထင်သာအောင် ဖန်တီး
ပေးနိုင်တာ တွေ့ရပါတယ်။ ဒီမှာ ကင်မရာ နှစ်ခုလုံး ဘာ ပုံတည်းဖြတ် Software အပိုမှ အသုံးပြုမထားပါဘူး။ ဖုန်းမှာ Original ပါတဲ့ App တွေနဲ့ အလုပ်လုပ်
သွားတာ ဖြစ်ပါတယ်။ 

Nokia Lumia 920 ဟာ လက်တလောထွက်ရှိတဲ့ Window Phone 8 OS သုံး စမတ်ဖုန်းဖြစ်ပါတယ်။ နောက်ကင်မရာ ၈.၇ megapixel ရှိပါတယ်။ iPhone 4S ကတော့ ၈ megapixel ပဲရှိပါတယ်။ တစ်ခါတလေကျတော့ ပုံထွက် ကောင်းမကောင်းက Pixel -resolution နဲ့မဆိုင်ပါဘူး။ သူ့နေရာသူ အလင်းအမှောင်အချိန်အဆထွက် ထောက်ပံ့ပေးတဲ့ နည်းပညာကလည်း ထည့်သွင်းစဉ်း
စားစရာ တစ်ခု ရှိပါတယ်။ 

iPhone 4S မှာ ဓာတ်ပုံကို ပြန် Edit လုပ်ပေးမယ့် Snapseed လို Application မပါဝင်ပါဘူး။ Lumia 920 ကတော့ image processing technology အဆင့်မြင့်ပါတယ်။ အလင်းရောင်ခပ်များများ ရသွားအောင် slower shutter speed နဲ့ အလုပ်လုပ်သွား
ပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရိုက်တာတောင် ပုံရိပ်ကို Detail ကျကျ ဖမ်းယူနိုင်ခြင်း ဖြစ်ပါတယ်။ 

Nokia Lumia 920 အနေနဲ့ ထွက်ထွက်ချင်း မျက်နှာပန်းလှခဲ့ပြီး iPhone 5 ထွက်ရှိတဲ့အခါ ဒီလို ယှဉ်ပြိုင်နိုင်အုံးမလားဆိုတာတော့ Apple ခရေဇီတွေ စိန်ခေါ်ထားပါတယ်။ Nokia ကပဲ ဦးဆောင်လုပ်ခဲ့တဲ့ ယင်း test ကို iPhone 5 ထွက်တဲ့အခါ ထပ်လုပ်မယ်လို့လည်း သိရပါတယ်။  

အသစ်စက်စက် Nokia Lumia 920 အမှန်တကယ် လာပြီ

 


Nokia နဲ့ Microsoft တို့ရဲ့ Conference ကို ယနေ့ စက်တင်ဘာ၅ရက် ညနေ ၇နာရီလောက်ကနေပြီး New York မှာ စတင်ကျင်းပခဲ့
တာ ယခုဆို Conference မှာ Windows Phone 8 ပါဝင်တဲ့ Lumia 920 အကြောင်းပြောလို့ပြီးသွားပါပြီ။


အားလုံးမျှော်လင့်ထားခဲ့သလိုပဲ Lumia 920 ထွက်ပေါ်လာပြီဖြစ်ပါတယ်။ထွက်သမျှ Nokia Phone တွေထဲမှာ Lumia 920 ဟာ
အကောင်းဆုံးနဲ့ နည်းပညာအမြင့်ဆုံး Smart Phone တစ်ခုအနေနဲ့ တည်ရှိသွားမှာ ဖြစ်ပါတယ်။

မျက်နှာပြင် 4.5 လက်မနဲ့ HD 1280x768 LCD Display ပါဝင်မှာ ဖြစ်ပါတယ်။ Nokia မှ အဆိုပါ မျက်နှာပြင်ကို Pure Motion HD+
လို့ခေါ်ဆိုထားပြီး Nokia ကထုတ်လုပ်ခဲ့သမျှ Display တွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ 720p HD Resolution ရှိပေမဲ့လဲ HD Resolution ထပ် ပိုကောင်းပြီး၊ အရောင်တောက်ပမှု အားကောင်းတယ်လို့ ဆိုပါတယ်။Snapdragon S4 Processor
ကို 1.5GHz အမြန်နှုန်းနဲ့ အသုံးပြုထားပါတယ်။ Battery ကတော့ 2000 mAh ပါဝင်မှာ ဖြစ်ပါတယ်။

Conference မှာတော့ Sample အဖြစ် အ၀ါရောင် Lumia 920 ကို ပြသခဲ့ပြီး ယခင် Lumia 900 ထပ် ပိုမိုကြီးမားတာ တွေ့ရပါ
တယ်။Lumia 920 အဖြစ် ပြသခဲ့တဲ့ Phone မှာ Windows Logo အသစ်ကို သုံးထားတာတွေ့ရပါတယ်။

ထူးခြားမှုကတော့ Wireless Charging နည်းပညာကို Lumia 920 မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Qi's Wireless Charging Standard ကို အသုံးပြုသွားမှာ ဖြစ်ပြီး အားသွင်းဖို့ဆိုရင် Fatboy လို့ခေါ်တဲ့ ခေါင်းအုံးပုံစံ အခင်းပေါ်မှာ တင်ထားလိုက်ရုံပါပဲ။ 
 
ကြိုးတက်စရာ မလိုဘဲ တင်ထားရုံနဲ့ အားသွင်းပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း အားသွင်းချင်တယ်ဆိုရင်တော့ MicroUSB အပေါက်တစ်ခုပါဝင်ပါတယ်။ 

Lumia 920 ရဲ့ မျက်နှာပြင်ဟာ ထိသိနိုင်မှု ပိုမိုကောင်းမွန်လာပြီး လက်အိပ်ဝတ်ထားရင်တောင် အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ ဆိုပါ
တယ်။

အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ Camera ကတော့ PureView Sensor ကိုအသုံးပြုထားပေမဲ့ 8.7 megapixel ပဲ ပါဝင်တာတွေ့ရ
ပါတယ်။ ယခင် Pureview 808 လိုမျိုး 41megapixels မပါဝင်ပေမဲ့ ယခု Sensor ကတော့ ထွက်သမျှ Camera Phone တွေထဲမှာ အကောင်းဆုံး ဖြစ်နေဦးမယ်လို့ အာမခံစကား ပြောကြားသွားပါတယ်။ Floating Lens နည်းပညာကို အသုံးပြုထားပြီး Image Stablization ဖြစ်အောင်၊ ပုံရိပ်တွေကို မ၀ါးသွားအောင် ထိန်းညှိပေးနိုင်ပါလိမ့်မယ်။ Optics/ မှန်ဘီလူး ဖန်သားကတော့ CarlZeiss
ကို သုံးထားတဲ့အတွက် ကောင်းမွန်တဲ့ Result/Image Quality ရရှိနိုင်ဖို့ ယုံကြည်ပေးလို့ရပါတယ်။ 

ယခု Smart Phone များမှာ ထင်ရှားလာတဲ့ Near Field Communication (NFC) ကိုလဲ အထောက်အပံ့ပေးမယ်လို့ ဆိုပါတယ်။

ဖုံးကို Vibrant Colors များအဖြစ် Yellow, Red, White, Grey နဲ့ Black ဆိုပြီး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ OnePiece Polycarbonate body ကို အသုံးပြုထားပြီး လှပ၀င့်ကြွားမှုစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

Nokia CEO Stephen Elop က ထွက်ရှိမဲ့ရက် ဈေးနှုန်းတွေကို အတိအကျ မပြောခဲ့ပေမဲ့ 2012ခုနှစ်ရဲ့ နောက်ဆုံး Quarter မှာ
ထုတ်လုပ်သွားဖို့ မျှော်လင့်ရပါတယ်။










tech space journal

0 comments:

Post a Comment