Pages

Saturday, September 8, 2012

ရေဘေးသင့် ပုသိမ်ပြည်သူတို့အတွက် အဆိုတော်ရင်ဂို ဂီတဖြင့် ကူညီမည်

ပုသိမ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ငွေကြေးထောက်ပံ့မှု ပေးအပ် ကူညီနိုင်ရန် အဆိုတော် ရင်ဂို ဦးဆောင်၍ ဂီတ ရန်ပုံငွေပွဲတခု တနင်္ဂနွေနေ့ ပုသိမ်မြို့ မန်းဆန်သူ လဘ္ဘက်ရည်ဆိုင်တွင် ပြုလုပ်မည်
ဟု ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ဦးမောင်မောင်စိုးက ပုသိမ်မြို့ပေါ်ရှိ ရေဘေးဒုက္ခသည်
များကို အဓိကထား ကူညီသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။
"အဓိကကတော့ကျနော်တို့ဆိုင်ကိုအကူအညီတောင်းပြီးတော့ဒီပွဲကိုရုတ်တရက်စီစဉ်ဖြစ်တာပါ။ လှူမှာက
တော့ ရတဲ့ငွေပေါ်ကြည့်ပြီးတော့ လှူသွားမှာပါ။" ဟု ဆိုသည်။

အဆိုပါဂီတရန်ပုံငွေပွဲတွင်လက်မှတ်များရောင်းချသွားမည်မဟုတ်ဘဲဆိုင်သို့သွားရောက်အားပေး သူများထံ

မှ အလှူငွေ ကောက်ခံသွားမည်ဖြစ်သည်။ ဂီတ ရံပုံငွေပွဲကို အဆိုတော်ရင်ဂို အပါအဝင် အခြား အဆိုတော် ၁၀ ဦးလည်း သွားရောက် ဖျော်ဖြေရန်ရှိပြီး နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖျော်ဖြေကြမည်ဖြစ်သည်။

သြဂုတ်လ ပထမပတ်မှ တတိယပတ်အထိ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရပ်ကွက် ၁၄ ခုရှိသည့်အနက် ရပ်ကွက် ၁၃ ခုမှ ရေဝင်ရောက်မှုများကြောင့် ဒေသခံတို့မှာ စားစရာနှင့် နေစ ရာ အခက်အခဲများနှင့် ကြုံခဲ့ကြရသည်။


ရှစ်နှစ်အတွင်း အဆိုးရွားဆုံးဖြစ်သော ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတခုတည်းတွင်ပင် လယ်မြေဧက ၂၇၀,၀၀၀ ကျော်၊ ပဲခူတိုင်းတွင် ၁၇၀,၀၀၀ တို့ရေလွှမ်းခံရပြီး စုစုပေါင်းလယ်မြေဧက ၆၀၀,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဆန်စပါး အသင်း၏ သြဂုတ်လအတွင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment