Pages

Tuesday, September 18, 2012

ပုဂ္ဂလိက ယာဉ်လိုင်းသစ် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း)တွင် ပြေးဆွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ)က တာဝန်ယူ ပြေး
ဆွဲလျက်ရှိသောရန်ကုန်မြို့တွင်းဘတ်စ်ကားလိုင်းတစ်ခုဖြစ်သည့်မထသ(၃၆)အဖြူ အစား မေတ္တာလှိုင်းမော်
တော်ယာဉ်အသင်းသစ်ကိုအာက်တိုဘာလတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။
မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှာOmni Focus Co.,ltd ကဦးစီး တည်ထောင်ခြင်း ဖြစ်ပြီး စက်တင်ဘာ
လ ၃ ရက်နေ့က လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။


အဆိုပါ မော်တော်ယာဉ် အသင်း အနေဖြင့် ဟွန်ဒိုင်း Aero City Bus 2002, 2003 ကားအမျိုးအစား အစီး၂၀၀
 ခန့်ဖြင့် ရန်ကုန်မြို့ တွင်း ပြေးဆွဲမည် ဖြစ်ပြီး လတ်တလော ပြေးဆွဲမည့် မေတ္တာလှိုင်း (၁) အနေဖြင့် ကားအ
စီး ၂၀ ဖြင့် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) ရွာသာကြီး(စိတ်ကျန်းမာရေး ဆေးရုံ) မှ မင်္ဂလာဈေး အထိ ပြေးဆွဲမည်
 ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူက ပြောကြားသည်။


"လောလောဆယ် ၃၆ အစားထိုးမယ့် ကားတွေ မထွက်သေးတော့ သွားရေးလာရေးက အတော် အခက်အ
ခဲ ဖြစ်နေကြတယ်" ဟု ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တက်ရောက် ကုသနေသော လူနာရှင် တစ်
ဦးက The Voice Weekly သို့ပြောကြားသည်။
 
 
The Voice Weekly

0 comments:

Post a Comment