Pages

Tuesday, September 18, 2012

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက် လာဘ်ကောင်အရုပ် မိတ်ဆက်ပြသ


(၂၀၁၄)ခုနှစ်၊ ဘရာဇီးလ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက်လဘ်
ကောင် Mascot ရုပ်လေးကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
ဘရာဇီးလ် ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ရော်နယ်လ်ဒို ဒီလားမားက အဆိုပါ အရုပ်လေးကို တရားဝင်
 ပြသခဲ့ခြင်း ဖြစ်ပြီးမျိုးသုဉ်းလုနီးနီး ဖြစ်နေသောသင်းခွေချပ်ကလေးကို ပုံစံထုတ် ဖန်တီးထားခြင်း ဖြစ်သည်။



ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က လာဘ်ကောင်လေး၏ အမည်ကို တိတိကျကျ မသတ်မှတ်ရသေးဘဲ ဘ
ရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ လလယ်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။ လတ်တလောတွင် အရုပ်ကလေးအတွက် ဆန်ခါတင် အမည်(၃)ခုအဖြစ် အမီဂျူဘီ၊ ဖူလယ်ကိုနှင့် ဇူဇီကိုတို့ကို ယေဘုယျ သတ်
မှတ်ထားသည်။

ရော်နယ်လ်ဒိုက "ကျွန်တော် ခုလိုမျိုး အရေးကြီးတဲ့ အဖွဲ့ဝင်လေး တစ်ယောက်ကို မိတ်ဆက်ပေးရတာ ဂုဏ်
ယူပါတယ်"ဟု ရယ်ရယ်မောမော ဆိုသည်။ ၎င်းက "ဒီလာဘ်ကောင် အရုပ်လေးဟာ လာမယ့် (၂)နှစ်မှာ ပြု
လုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အရေးပါတဲ့ သံတမန်လေး ဖြစ်လာမှာပါ။

ကျွန်တော် သေချာပေါက် ပြောနိုင်တာက ဒီအရုပ်လေးကို လူငယ် ဘောလုံး ပရိသတ်လေးတွေက ချစ်ကြ
ပါလိမ့်မယ်။ ဘရာဇီးလ်အပြင် တစ်ကမ္ဘာလုံးက ပရိတ်တွေ အားလုံး ဆိုပါတော့"ဟု ဆက်လက် ပြောဆိုသွား
သည်။


သင်းခွေချပ် သတ္တဝါများသည် ဘရာဇီးလ်တွင် ရှင်သန်ကျက်စားလေ့ ရှိကြပြီး ယခုအခါ မျိုးသုဉ်းလုနီးနီး

အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုး ပေါ်
လာပါက ဘောလုံးကဲ့သို့ လုံးဝန်းအောင် ခန္ဓာကိုယ်ကို တွန့်ခေါက်စုစည်းလေ့ ရှိတတ်ကြောင်း သိရှိရသည်။

 
Planet Myanmar Media:

0 comments:

Post a Comment

 
world time