Pages

Tuesday, September 18, 2012

စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေ ရဲဘော်ပြန်လွတ်

စစ်တိုင်းမှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု့နဲ့ သေဒဏ်ချမှတ်ခံခဲံရသူ  ကေအိုင်အေ တပ်ဖွဲ့ဝင် တစ်ဥိးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။
၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခံမှု့နဲ့ လဖိုင်ဇော်ဖိုင်းဟာသေဒဏ်ချမှတ်ခံရာကနေမန္တလေးတိုင်းမြင်းခြံထောင်မှာ ၂ရ နှစ် နေခဲ့ပြီး ပြန်လွတ်လာ
တာပါ။

ကေအိုင်အေတပ်မတော်ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဇ်ာမိုင်ရဲ့တာဝန်ပေးချက်အရဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်
ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီင်္ဘီ ကို ပြောပါတယ်။
 
“စစ်ဦးချုပ်ရဲ့အမိန့်ပါ။ကျွန်တော်ကမြို့ပိုင်းမှာလှုပ်ရှားနေရတဲ့ ကွန်မန်ဒိုပါ။ဦးဇော်မိုင်က ကျနော် မြို့ပေါ်မှာ ရှိတဲ့ အချိန်မှာ စစ်တပ်နဲ့ ပတ်သတ်တာ ရှင်းဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာရှိတယ်။ ကျွန်တော်က အထူးမြေအောက် မြို့ပြတပ် တိုက်ပွဲ အဖွဲ့ ခေါင်းဆောင် အနေနဲ့ လှုပ်ရှားခံရတဲ့ အချိန်ပါ။
 
အစိုးရတပ်တေါနဲ့ ကေအိုင်အေ တို့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက်စိုးရိမ်ပူပန်နေတယ်လို့ပြန်လည်လွတ်မြောက်လာတဲ့ လဖိုင်ဇော်မိုင်က ပြောပါတယ်။
 
ပြန်လည်လွတ်မြောက်လာပြီးနောက်ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ကြိုးစားသွားမယ်လို့ လဖိုင်ဇော်ဆိုင်း
က ဆိုပါတယ်။
 
အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာ နဲ့ ကချင် လူမျိုးရေးအရ ဖြစ်ပွားတာ မဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ေ၇း တအွက် ဖြစ်တာလို့လည်း သုံးသပ်ပြောဆိုပါတယ်။
DVB News:

0 comments:

Post a Comment