မကြာသေးခင်က
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့
ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး
ထိန်းသိမ်းခံထားရသူတွေကို ထောင်အာဏာပိုင်တွေက အဓမ္မလုပ်အား
ပေးခိုင်းစေနေတယ်လို့ အခုရက်ပိုင်းအတွင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ မိသားစုဝင် တစ်ဦးက

RFA ကို ပြောပါတယ်။ကျောက်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ မောင်တော၊ စစ်တွေ
ပဋိပက္ခတွေအပြီးတစ်
လကျော်ခန့်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လူ ၇
ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာ

သစ်၊
တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာတွေက ဒေသခံ-၃၁ ဦးကို အာဏာပိုင်တွေက
ဖမ်းဆီးထိန်း
သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီထဲက တစ်ချို့ကို အာဏာပိုင်တွေက အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပြီး စစ်တွေအကျဉ်းထောင်ထဲ မှာတော့ ၂၄ ဦး ဆက်လက်ချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇွန်လက စတင်ပြီးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ ပုဒ်

မ-၁၄၄ ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့
အစီအစဉ်မရှိသေးဘူးလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို
ဒီကနေ့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မရှင်ဟာ မနက်ဖြန် မနက်ပိုင်းမှာ စစ်တွေမြို့ကို စတင်ရောက်ရှိမှာဖြစ်တယ်လို့လည်း သိရပါ

တယ်။
RFA (Burmese)
0 comments:
Post a Comment