ချင်းပြည်နယ်အတွင်းက
လူဦးရေ ရဲ့ ၉၀% ရှိတဲ့ ခရစ်ယာန် ဘာသာဝင် ချင်းလူမျိုး တွေဟာ ဘာသာရေး
ဖိ
နှိပ်မှုတွေ ခံနေရတာကြောင့် မိမိတို့ ယဉ်ကျေးမှု ပပျောက်မှာ
စိုးရိမ်နေရတယ်လို့ Chin Human Rights organization (CHRO)
ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ဒီနေ့
ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ
မှာ “ကျွန်ုပ်တို့ တည်ရှိမှုကို
ခြိမ်းခြောက်မှုများ” ဆိုတဲ့အမည်နဲ့ CHRO အဖွဲ့က ချင်းပြည်နယ်အတွင်းဘာသာ
ရေးဖိနှိပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်ကိုထုတ်ပြန်ပါတယ်။
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေကြောင့် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ ဘာ
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေကြောင့် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ ဘာ
သာရေး လွတ်လပ်ခွင့် အငြင်းပယ် ခံနေရပြီး၊
ဗုဒ္ဒဘာသာကို အတင်းအကြပ် ကူးပြောင်းခိုင်းမှုတွေ ကြုံတွေ့
နေရတယ်လို့
ဖော်ပြထားပါတယ်။
ဘာသာရေးဖိနှိပ်မှုတွေဟာ စစ်အစိုးရလက်ထက်မှာ ပိုမိုဆိုးဝါးလာခဲ့ပြီး အခု အစိုးရသစ် လက်ထက်ထိဆက်
ဘာသာရေးဖိနှိပ်မှုတွေဟာ စစ်အစိုးရလက်ထက်မှာ ပိုမိုဆိုးဝါးလာခဲ့ပြီး အခု အစိုးရသစ် လက်ထက်ထိဆက်
လက် ကျူးလွန်နေတာလို့
CHRO အဖွဲ့ရဲ့ လှုံ့ဆော်ရေး ဒါရိုက်တာနဲ့ အစီရင်ခံစာ ရေးသားသူ RachelFleming
က ပြောပါတယ်၊
ဒီလို ဘာသာရေး ကူးပြောင်းဖို့ အတွက်လည်း စစ်မှုထမ်းရမယ် ဆိုတဲ့ ပုံစံတွေနဲ့ ခြိမ်းခြောက်လေ့ရှိတယ်လို့
ဒီလို ဘာသာရေး ကူးပြောင်းဖို့ အတွက်လည်း စစ်မှုထမ်းရမယ် ဆိုတဲ့ ပုံစံတွေနဲ့ ခြိမ်းခြောက်လေ့ရှိတယ်လို့
လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန အောက်မှာတည်ရှိပြီး စစ်တပ်က ဦးစီးတဲ့ (နတလ) လို့ခေါ်
မြန်မာနိုင်ငံ အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန အောက်မှာတည်ရှိပြီး စစ်တပ်က ဦးစီးတဲ့ (နတလ) လို့ခေါ်
တဲ့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ
ဖွံ့ဖြိုးရေး သင်တန်း ကျောင်းပေါင်း (၂၉)ကျောင်းရှိတဲ့အနက် ၃ ပုံ တပုံဟာ
ချင်းပြည်နယ်မှာရှိပြီး ဒီကျောင်းတွေက ချင်းကျောင်းသားတွေဟာ ဘာသာရေး ဖိနှိပ်မှု ခံနေရ
ကြောင်း သူက ပြောပါတယ်။
CHRO အဖွဲ့ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး Salai Ling က ခရစ်ယာန်ဘာသာ ဆိုတာဟာ ဘာသာရေးအနေ
CHRO အဖွဲ့ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး Salai Ling က ခရစ်ယာန်ဘာသာ ဆိုတာဟာ ဘာသာရေးအနေ
နဲ့တောင် မဟုတ်တော့ဘဲ ယဉ်ကျေးမှု အဖြစ်နဲ့ ပါ နှစ်ပေါင်းများစွာ
တည်ရှိလာတာကြောင့် ဖိနှိပ်မှု တွေကို
ရပ်တန့်ဖို့ လိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့ကို လာဖိနှိပ်တယ်၊ အမျိုးမျိုး ဖိနှိပ်ခံနေရတယ်ဆိုတော့ အဲဒီဘာသာရေးနှိပ်ကွပ်မှု တခုထဲ မ
“ကျနော်တို့ကို လာဖိနှိပ်တယ်၊ အမျိုးမျိုး ဖိနှိပ်ခံနေရတယ်ဆိုတော့ အဲဒီဘာသာရေးနှိပ်ကွပ်မှု တခုထဲ မ
ဟုတ်တော့ဘဲနဲ့ ဒီကျနော်တို့ရဲ့
ယဉ်ကျေးမှုကိုပါ လာထိခိုက်စေတယ်လို့ ကျနော်တို့မြင်တယ်၊ အဲဒါကြောင့်
ကျနော်တို့ ဗမာပြည်ဆိုတဲ့ဟာက တိုင်းရင်းသားပေါင်းများစွာ၊ ဘာသာပေါင်း
များစွာ နေထိုင်ကြတဲ့ နိုင်ငံဆို
တော့ ကျနော်တို့က တကယ်တန်း နားလည်မှု
ချစ်ကြည်ရေး ကျနော်တို့ ရှိချင်တယ်ဆိုလို့ရှိရင် ဒါမျိုး ဘာသာ
ရေး နှိပ်ကွပ်မှုတို့ ဒီလိုမျိုး လူမျိုးရေးအရ နှိပ်ကွပ်မှုတို့ ဘာတို့ မရှိသင့်ဘူးလို့ ကျနော် ယူဆတယ်”
တွေ့ဆုံမေးမြန်းမှုပေါင်း (၁၀၀) ပါဝင်ပြီး စာမျက်နှာ (၁၆၀) ရှိတဲ့ ဒီအစီရင်ခံစာမှာ ဦးသိန်းစိန် အစိုးရတက်
တွေ့ဆုံမေးမြန်းမှုပေါင်း (၁၀၀) ပါဝင်ပြီး စာမျက်နှာ (၁၆၀) ရှိတဲ့ ဒီအစီရင်ခံစာမှာ ဦးသိန်းစိန် အစိုးရတက်
လာတဲ့ ၂၀၁၁ခုနှစ် မတ်လကစပြီး
ချင်းပြည်နယ်အတွင်းမှာ ခရစ်ယာန်ဘာသာ လက်ဝါးကပ်တိုင် (၄) ခုဖျက်
ဆီးခံခဲ့ရပြီး ဘာသာရေးခွဲခြားဖိနှိပ်မှုတွေနဲ့ အတူ အခြား လူ့အခွင့်အရေး
ချိုးဖောက်မှုတွေဖြစ်တဲ့ အတင်းအ
ဓမ္မ အလုပ်စေခိုင်းတာ၊ နှိပ်စက်ညှဉ်းပမ်းတာနဲ့ အတင်းအကျပ်နေရာ ပြောင်းရွှေ့ခိုင်းတာတွေ လည်း ပါဝင်ပါ
တယ်။
0 comments:
Post a Comment