ချက်သမ္မတ
နိုင်ငံကရုပ်ရှင်သင်တန်းကျောင်းတကျောင်းနဲ့ မြန်မာပညာရှင်
တချို့ပူးပေါင်းကျင်းပတဲ့ ၀ဿန်
ရုပ်ရှင် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို
ရန်ကုန်မြို့ တာမွေမြို့နယ် မဟာသန္တိသုခ ဗုဒ္ဒသာသနာပြုကျောင်းမှာ ဒီ
ကနေ့မနက်က
ကျင်းပခဲ့ပါတယ်။ဒီနှစ်ဟာ ရုပ်ရှင်ပွဲတော်ကျင်းပတဲ့ ဒုတိယမြောက်နှစ်ဖြစ်ပြီး မြန်မာပညာရှင် ၃ဦးနဲ့ နိုင်ငံခြားသားပညာရှင်တ
ချို့ လည်း ဒီရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး
အတွက် ပံ့ပိုးပါဝင်ခဲ့တယ်လို့ ရုပ်ရှင်ပွဲတော်ကို ဦးစီး ကျင်းပသူတွေ
ထဲက
တစ်ဦးဖြစ်တဲ့ ရွှေအမြုတေမဂ္ဂဇင်း ရဲ့အယ်ဒီတာချုပ်ဖြစ်တဲ့ဦးဝင်းငြိမ်းက RFA
ကိုပြောပါတယ်။
မနှစ်ကထက် ပြိုင်ပွဲဝင်သူအရည်အတွက်ပိုများလာသလို ပြိုင်ပွဲဝင်ကားတွေ ရဲ့အရည်အချင်းကလည်း ပို
မနှစ်ကထက် ပြိုင်ပွဲဝင်သူအရည်အတွက်ပိုများလာသလို ပြိုင်ပွဲဝင်ကားတွေ ရဲ့အရည်အချင်းကလည်း ပို
ကောင်းလာကြောင်း ဦးဝင်းငြိမ်းက ပြောပါတယ်။
ပြိုင်ပွဲမှာ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရုပ်ရှင် ၂ မျိုးယှဉ်ပြိုင်ရမှာဖြစ်ပြီး ရုပ်ရှင်အမျိုးအစားတခု အတွက် အကောင်းဆုံးဆုတဆုစီချီးမြှင့်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၅ ရက် ဒီကနေ့ကနေစက်

တင်ဘာ ၉ရက်နေ့အထိ ၄ ရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ပါတယ်။
0 comments:
Post a Comment