Pages

Friday, August 31, 2012

ဝါရှင်တန်ဒီစီ အမေရိကန်တက္ကသိုလ်၊ လူ ၂၅၀၀ ကျော်ဆန့် ဘင်ဒါအားကစားရုံမှာ မြန်မာတိုင်း ရင်းသား များနှင့် ဒေါ်အော င်ဆန်းစုကြည်ေ တွ့ဆုံပွဲ ၀က်ဆို က် ထွက်ရှိ



လာမယ့်စက်တင်ဘာ၂၀၊၀ါရှင်တန်ဒီစီ၊အမေရိကန်တက္ကသိုလ်၊လူ၂၅၀၀ကျာ်ဆန့်ဘင်ဒါအားကစားမှာမနက်
၉နာရီ၁၅ကနေ၁၀နာရီ၄၅အထိမန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဧည့်ပ
ရိသတ်များ၊ လုပ်အားပေးများ ဆက်သွယ် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့အပြင် အွန်လိုင်းက
နေပြီးတော့ ဧည့်သည်များ၊ လုပ်အားပေးများ အမည်စာရင်း တင်သွင်းနိုင်အောင် ဘလော့ဂ် ၀က်ဆိုက်တခု လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။
http://ASSK-DC.blogspot.com မှာ ဆက်သွယ်ရန် လူပုဂ္ဂိုလ်များ၊ ဖုံးနံပါတ်များအပြင် ဧည့်အမည် စာရင်းသွင်းမှသာ ဖိတ်စာနှင့်တကွ စာတိုက်က ကြိုတင်ပေးပို့ပြီး ဖတ်ကြားမည်ဖြစ်ကြောင်း၊ အွန်လိုင်း ကနေ မေးခွန်းများ ကြိုတင်ပေးသွင်းနိုင်ကြောင်းကိုပါ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရှိမြန်မာတွေ့ဆုံပွဲများအတွက်ဆက်သွယ်ရေးတာဝန်ခံ အဖြစ် ဒေါ်အောင်ဆန်းစု
ကြည် ၏ တာဝန်ပေးအပ်ခြင်းခံထားရသူ ဒေါက်တာဒေါ်နီနီခင်က မိုးမခကို ထပ်လောင်း ပြောကြားရာမှာ
အဆိုပါ ၀ါရှင်တန်ဒီစီမြို့တော် တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် မည်သည့်အဖွဲ့အစည်း၊ နေရာဌာနတွေမှာ အလှူခံခြင်း၊ ရန်ပုံငွေရှာဖွေခြင်း လုံးဝမလုပ်ကြောင်း၊ မိမိတို့ တတ်နိုင်သလောက် ၀ိုင်းဝန်းစု စည်းပြီး ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အမေရိကန်တက္ကသိုလ်ကိုယ်တိုင်က ထိုအခမ်းအနားနေရာကို ကမ်းလှမ်းကူညီဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောပါတယ်။

“တွေ့ဆုံပွဲနေ့မှာ ဖိတ်စာနဲ့တကွ ကြွရောက်လာဖို့ ပြောထားတယ်။ အစားအသောက်တွေ ယူမလာရဘူး၊ အိတ်တွေ အထုပ်အပိုးအကြီးအကျယ်တွေနဲ့ မလာကြစေချင်ဘူး။ လက်ဆောင်ပစ္စည်းတွေကို အမည်၊ လိပ်စာတွေ ရေးသားထားပြီးတော့ အဆောက်အဦးအပြင်ဖက်မှာပဲ လက်ခံထားရှိမယ်။ သက်ဆိုင်ရာနဲ့ စစ်ဆေးပြီးမှပဲ ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို ပေးအပ်မယ်”လို့ ရှင်းလင်းပြောပြပါတယ်။

“အဓိက မြန်မာဘာသာစကားနဲ့ပြောမယ်။ မြန်မာတိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့ ပွဲဖြစ်တယ်။ ၀င်ကြေးတွေ ကောက်ခံတာမျိုး လုံးဝမရှိဘူး။ ဖြစ်နိုင်ရင် ဘတ်စကားတွေ၊ ရထားတွေနဲ့ လာကြစေချင်တယ်။ ကားရပ်နားဖို့ အခက်အခဲရှိမယ်။ 
 
လက်မှတ်မရောင်းဘူးဆိုပေမယ့် ဖိတ်စာနဲ့တကွတော့ ကြွရောက်ရမယ်။ ခမ်းမကို ၈ နာရီ ၄၅ မှာ ပိတ်မယ်”လို့ ရှင်းလင်းပြောပြပါတယ်။

လက်ရှိအခြေအနေမှာဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲကျင်းပကြမယ့်မြို့တော်အသီးသီးကသူတို့ဆိုင်ရာ အစီအစဉ်တွေနဲ့ ၀က်ဆိုက်တွေ၊ အွန်လိုင်းထုတ်ပြန်ချက်တွေ အသီးသီး ထုတ်ပြန်လာကြပါတယ်။

http://ASSK-DC.blogspot.com  စက်တင်ဘာ ၂၀

http://SUU-NYC.blogspot.com စက်တင်ဘာ ၂၂

http://SUU-SF.blogspot.com စက်တင်ဘာ ၂၉

http://dasskvisitla.org/ အောက်တိုဘာ ၂

တို့မှာတွေ့ဆုံကြမယ်။ရပ်နီးဝန်းကျင်ကမြန်မာတိုင်းရင်းသားများကလည်းလာရောက် ကြိုဆိုကြမယ် ဖြစ်
တယ်လို့ သိရပါတယ်။

0 comments:

Post a Comment