Pages

Friday, August 31, 2012

Viber Android ဆော့ဝဲလေး သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…


Viber Android ဆော့ဝဲလေး သုံးပြီး အင်တာနက်ပေါ်ကနေ အခမဲ့ဖုန်းပြောလို့ရပါတယ်။ ပုံမှန်ဖုန်းပြော
မယ်ဆိုရင် တစ်မိနစ် ၂၅ကျပ် ၊၅၀ ကျပ် အစရှိသဖြင့် ပေးနေရပါတယ်။ 

အခု Viber  ဆော့ဝဲလေးကတော့ မိမိ Android ဖုန်းလေးမှာ အင်တာနက်ချိတ်ဆက်လိုက်တာနဲ့ ဆောဝဲ
မှတဆင့် ဖုန်းအလကားပြောလို့ရပါတယ်။

ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် စကားပြောခြင်း၊ message ပို့ခြင်းတို့ကို အခမဲ့ဆောင်ရွက်
နိုင်မှာဖြစ်ပါတယ်..၊
 
ဒီ Viber ဆော့ဝဲလ်ကို Andirod ရဲ့ OS ဖုန်း၊ ဒါမှမဟုတ် Apple ရဲ့ IOS ဖုန်းတွေမှာသာ အသုံးပြုလို့ရပါ
တယ်။
viber ဆော့ဝဲသွင်းခကို ဖုန်းပြင်တဲ့ဆိုင်တွေမှာ သွင်းခ ၅၀၀၀ မှ ၁၀၀၀၀ ထိတောင်းနေကြပါတယ်။အခု
ကိုယ်တိုင် သေချာလုပ်ကြည့်ရင် ပိုက်ဆံ မကုန်ပဲ မိမိကိုယ်တိုင် viber ကို သွင်းတတ်သွားမှာဖြစ်ပါတယ်။
Android Viber ဆော့ဝဲရယူရန်

လာတဲ့ File လေးကို မိမိဖုန်းထဲကို install လုပ်ပါ။ 
 
Install လုပ်ပြီးပါက မိမိဖုန်းကို အင်တာနက်ဖွင့်လိုက်ပါ။ 
ပြီးရင် မိမိသွင်းထားတဲ့ Viber ကို ဖွင့်လိုက်ပါ။
အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ကိုယ့်နံပါတ် ရှေ့မှာ 9 ခံပြီးရိုက်ထည့်ပါ။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က 73043294 ဆိုရင် - 95973043294 ကိုရိုက်ထည့်ရမှာဖြစ်ပါ
တယ်
။ (ဂရုစိုက်ပြီး ရိုက်ထည့်ရပေးပါ) ပြီးရင် Continue ကို နှိပ်ပါ။
Approve ကိုဆက်နှိပ်ပေးပါ။
မကြာခင်မှာ  Viber ကနေ ကိုယ့်ဖုန်းကို SMS message ပို့ပါလိမ့်မယ်။ စမ်းကြည့်သလောက်ကတော့ မြန်
မာနိုင်ငံက ဖုန်းတွေကို Viber က SMS message မပို့ပါဘူး…၊ ဒါကြောင့် message မ၀င်ဘူးဆိုရင် click here ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ။
 
ပြီးရင် Get Code ဆိုတာလေးကို ဆက် Click ပေးပါ။
 
မကြာခင်မှာပဲ ကိုယ့်ဆီကို Viber မှ ဖုန်းခေါ်ဆိုလာပါလိမ့်မယ်။ ဘာမှ ပြောစရာမလိုပါဘူး..၊ သူပြောတဲ့ Code Number ၄လုံးကို လိုက်မှတ်ထားရုံပါပဲ.. ၂ ခေါက်ပြောပါလိမ့်မယ်။ မကြားလိုက်ဘူးဆိုရင် ၁ ကိုနှိပ်
ပါ။ ပြန်ပြောပြပါလိမ့်မယ်။
 
 
ပြီးရင် အောက်ကအဆင့်ကို ပြန်သွားပြီး မိမိမှတ်ထားတဲ့ Code နံပါတ်ကို ရိုက်ထည့်ပြီး Enter viber ကိုနှိပ်
လိုက်ပါ။
ဒီအဆင့်တွေပြီးရင်တော့ မိမိဖုန်းထဲမှာ viber ဆော့ဝဲလ် အသုံးပြုလို့ ရပြီပဲ ဖြစ်ပါတယ်။ Viber ထဲဝင်ပြီး ကိုယ့် Contacts တွေထဲမှာ ဘယ်သူက viber ထည့်ထားလဲဆိုတာကိုလည်း ရှာလို့ရသလို..၊ ဖုန်းနံပါတ် အသစ်တွေကိုလည်း ထပ်ထည့်လို့ရပါတယ်…။အဆင်မပြေတာရှိခဲ့ရင် ဘေးက C BOX ထဲမှာ စာရေးထား
ခဲ့ပေးလိုက်ပါနော်။


သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေဗျာ။
 
ကိုလတ်(ပန်ဘဲတန်း)



0 comments:

Post a Comment