အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ နတ်မောက် လမ်းက “ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်” ကို ဒီကနေ့ အာဇာနည်နေ့မှာ လူထုပရိသတ် အများအပြား လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပါတယ်။
ဗိုလ်ချုပ်ပြတိုက် ဖွင့်ချိန်က စပြီး နေ့လည် ၁၂ နာရီ မတိုင်ခင် အချိန်အထိ လာရောက် လေ့လာသူ ၅ ထောင်ကျော် ရှိတယ်လို့ ပြတိုက်မှာစောင့်ကြည့် လေ့လာနေကြတဲ့ မီဒီယာတွေက အတည်ပြု ပြောကြားပါတယ်။
ဒါဟာ ၂၄ နှစ်အတွင်း “ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်” ပထမဆုံးအကြိမ် အများပြည်သူ ထောင်နဲ့ချီပြီး လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို လာရောက်လေ့လာသူ တွေထဲမှာ လူငယ် ကျောင်းသားကျောင်းသူတွေက အများစုဖြစ်ပြီး နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ဗိုလ်ချုပ်ပြတိုက်ကို အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

0 comments:
Post a Comment