Pages

Thursday, July 19, 2012

၆၅ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းက “အကြောအဆစ် ရောဂါ နဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး” အခမဲ့ ဆေးခန်းဖွင့်လှစ်

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) က “အကြောအဆစ် ရောဂါ နဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး” အခမဲ့ ဆေးကုသ ဌာနခွဲတခု ဒီကနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။


“သုခ” ကုသိုလ်ဖြစ် ဆေးခန်းမှာ ကျင်းပတဲ့ ဒီကနေ့ ဖွင့်ပွဲ အခမ်းအနားမှာ ပါမောက္ခ ဒေါက်တာ ဦးသန်းတိုးက ဦးဆောင်ပြီး ဒေါက်တာ ဒေါ်ဝါဝါအောင် ၊ ဒေါက်တာ ဒေါ်သန်းသန်းဌေး ၊ ဒေါက်တာ ဦးအောင်ကိုဦး ၊ ဒေါက်တာ ဒေါ်မွန်မွန်ခိုင် ၊ ဒေါက်တာ ဒေါ်ခင်စောဦး နဲ့ ဒေါက်တာဒေါ်သိဂီ င်္လှိုင်တို့က အကြောအဆစ် ရောဂါဝေဒနာရှင် ၁ဝ ဦးကို စတင် ကုသပေးခဲ့ပါတယ်။

နေ့စဉ်လည်း ဒီဆရာဝန်ကြီးတွေက အလှည့်ကျ ကုသ ပေးသွားမယ်လို့ ဆိုပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ ပြီး အထွေထွေ ၊ အရိုး အကြော၊ အရေပြား ၊ ကလေးနဲ့၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ သွား- စတဲ့ ရောဂါဝေဒနာတွေအပြင် မီးယပ်သားဖွားနဲ့ အသေးစား ခွဲစိတ်ကုသမှုတွေကို အခမဲ့ ကူညီပေးနေတယ်လို့ သိရပါ တယ်။



RFA (Burmese)

0 comments:

Post a Comment