Pages

Friday, July 6, 2012

နာမည်ကျော်မင်းသား ဂျက်ကီချန်း ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ ရောက်ရှိ

 Photo: ယနေ့(ဇူလိုင်၆)နံနက်က မန္တလေးမြို့ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းသို့ ရောက်ရှိလာသော ဂျက်ကီချန်း
ဓာတ်ပုံ-ညီညီဇော်
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည် ၄င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီးသက်မွေး
အတတ်ပညာသင်ကျောင်းသို့ ထွက်ခွာလာသည်။
 
Photo: ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည် ၄င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ထွက်ခွာလာသည်။ မန္တလေးတောင်ခြေ အောင်မြေသာဇံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာကျောင်းသို့ ၈ နာရီ ၄၀ မိနစ်တွင် ရောက်သည်။ 

မီဒီယာသမားများနှင့် ၄င်းကိုကြည့်ချင်သော ပရိသတ်များအား ကျောင်းဝင်းအတွင်းသို့ ၀င်ခွင့်မပြုဘဲ လုံခြုံရေးတင်းကြပ်စွာချထားပြီး မီဒီယာသမားများအား သီးသန့်ဓာတ်ပုံရိုက်ခွင့်ရရန် စီစဉ်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြောင်း 7Day News ဂျာနယ်သတင်းထောက်မှ သတင်းပေးပို့သည်။
 
 မန္တလေးတောင်ခြေ အောင်မြေသာဇံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာကျောင်းသို့ ၈ နာရီ ၄၀ မိနစ်တွင် ရောက်သည်။

မီဒီယာသမားများနှင့် ၄င်းကိုကြည့်ချင်သော ပရိသတ်များအား ကျောင်းဝင်းအတွင်းသို့ ၀င်ခွင့်မပြုဘဲ လုံခြုံရေးတင်းကြပ်စွာချထားပြီး မီဒီယာသမားများအား သီးသန့်ဓာတ်ပုံရိုက်ခွင့်ရရန် စီစဉ်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြောင်း 7Day News ဂျာနယ်သတင်းထောက်မှ သတင်းပေးပို့သည်။
 

ဓာတ်ပုံ-ညီညီဇော်



 Ref: 7Day News Media

0 comments:

Post a Comment