Pages

Friday, July 6, 2012

အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအား လူသားချင်းစာနာ ထောက်ပံ့မှု အဖြစ် ကန်ဒေါ်လာ ၆ သန်းထောက်ပံ့လှူဒါန်း

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော အဓိက ရုဏ်းများနှင့် ပြည်တွင်းစစ်များကြောင့် ဒုက္ခရောက်နေသူများအား လူသားချင်းစာနာသည့်အနေဖြင့် ထိုဒုက္ခသည်များအား ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သန်းအား ဇူလိုင်လ ၅ရက်နေ့ တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။


အဆိုပါ လူသားချင်းစာနာထောက်ထား သည့်အနေဖြင့် အလှူငွေ ကန်ဒေါ်လာ ၆ သန်းအားပေးအပ်လှူဒါန်း သည့်အခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက အင်းယားလိတ် ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်သံရုံးတာဝန်ခံ Mr. Micheal Thurston ၊ မြန်မာနိုင်ငံ အခြေစိုက် UNDP ရုံးမှ တာဝန်ရှိသူများ နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ထိုအခမ်းအနား ၌ အမေရိကန်သံရုံး တာဝန်ခံ Mr. Micheal Thurston က ယခု အမေရိကန်နိုင်ငံမှ ပေးအပ်သည့် ကူညီထောက်ပံ့ငွေ များမှာ ပြည်တွင်းစစ်နှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက် နေ သူများအား ကူညီခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ၄င်းအခမ်းအနား သို့တက်ရောက်ခဲ့သည့် သီတဂူ ဗုဒ္ဓသာသနာပြုအဖွဲ့မှ အတွင်းရေးမှူး ဦးဟန်ကပြောသည်။


“အမေရိကန်က ရခိုင်အတွက် အမေရိကန်ဒေါ်လာ ၃ သန်း ၊ ကချင်ဒေသအတွက်ကို ဒေါ်လာ ၁ သန်း နဲ့ သဘာဝဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေသူတွေ အတွက် ဒေါ်လာ ၂ သန်း ဆိုပြီး လှူတာပါ။အဲ့ဒီ အလှူငွေတွေကို အမေရိကန်သံရုံးက နေတဆင့် USAID ကိုပေးမယ်။အဲ့ဒီကနေမှ ပြည်တွင်းမှာရှိ လူမှုရေးအဖွဲ့ အစည်းတွေက တဆင့် ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရတယ်” ဟု၎င်းက ဆိုသည်။
 
Ref: Popular Myanmar Network:

0 comments:

Post a Comment