Pages

Friday, July 20, 2012

ကမ္ဘောဒီးယားတွင် တစ်ရက်လုံးလုံး ပျောက်ဆုံးနေသော ကလေးငယ် တစ်ဦးအား ရေဆိုးပိုက် တစ်ခုအတွင်းမှ ပြန်လည် ဆယ်ယူ ကယ်တင်နိုင်ခဲ့

ပျောက်ဆုံးနေသောခလေးကို ကယ်တင်လာစဉ်
ကမ္ဘောဒီးယားတွင် တစ်ရက်လုံးလုံး ပျောက်ဆုံးနေသော ကလေးငယ် တစ်ဦးအား ရေဆိုးပိုက် တစ်ခုအတွင်းမှ ပြန်လည် ဆယ်ယူ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ 


ရေဆိုးမြောင်းအတွင် ခလေးငယ်ပိတ်မိနေစဉ်
ကိုလံဘီယာနိုင်ငံ၊ ဘာရန်ကွီလာတွင် နေထိုင်ပြီး အသက်(၃)နှစ်သာ ရှိသေးသော ဂျင်ပီယေး ဆီဗီရာ အာတီတာသည် ယခုသီတင်းပတ်အတွင်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။ စိတ်ပူနေသော မိဘများသည် ရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး လိုက်လံ ရှာဖွေသော်လည်း (၂၄)နာရီလုံးလုံး အာတီတာကို ရှာမတွေ့ခဲ့ချေ။


နောက်ဆုံးတွင်မှ ရေဆိုးပိုက်တစ်ခုအတွင်း ပိတ်မိနေသည့် အာတီတာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်သည် ရေစီးကြောင်းနှင့် မျောပါမသွားအောင် တွယ်ကပ်နေနိုင်သဖြင့်သာ အသက်ရှင်နေခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။ 



ထို့နောက် ကလေးကို အလျင်အမြန် ကယ်ဆယ်ပြီးနောက် ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ ကလေးသည် အစ်ကိုနှစ်ဦးနှင့် အတူကစားနေရင်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအနီးတွင် အာတီတာ ပျောက်ကွယ်နေကြောင်း သိရှိလာပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များသည် ၎င်းအား လိုက်လံ ရှာဖွေခဲ့သည်။ ထို့နောက် အနီးရှိ ရေဆိုးပိုက်ကို စစ်ဆေးရင်း အတော်ဝေးသော နေရာတွင် ရှိနေသည့် အာတီတာအား တွေ့ရှိလာခြင်း ဖြစ်သည်။ ထိုနေရာသည် ရေစီးနေသော်လည်း ကလေးမှာ ပိတ်မိနေပြီး မျောပါမသွားသဖြင့် ကံကောင်းသွားခြင်းဟု သိရသည်။ 


ကယ်ဆယ်ရေးဝန်ထမ်း ဟာဆန် မွန်တီနီဂရိုက "ကျွန်တော်တို့ အသည်းအသန် လိုက်ရှာခဲ့ကြတာပါ။ ချာတိတ်ကို ပြန်တွေ့တာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါပဲ။ ကျွန်တော်တို့ ရေဆိုးပိုက်ကို ပထမတစ်ကြိမ် ရှာပါတယ်။

 အဲဒီတုန်းက သူ့ကို မတွေ့ဘူး။ သူက ရေဆိုးပြွန်တစ်ခုနဲ့ နီးနီးကပ်ကပ် ရှိနေပေမယ့် အဲဒီထဲ မျောမသွားဘူး။ ခုတော့ ဆေးရုံမှာ သူ့အခြေအနေ ကောင်းနေတယ်လို့ ကြားပါတယ်"ဟု ပြောကြားသွားခဲ့သည်။
 

Planet Myanmar Media:

0 comments:

Post a Comment