Pages

Friday, July 20, 2012

ဗန်းမော်- ကသာပြေးဆွဲသော ရှပ်ပြေးယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး၊ ၂၀ဦးခန့် ပျောက်ဆုံးနေ


ယနေ့ နံနက် ၉နာရီ ၅မိနစ်ခန့် အချိန်က ကချင်ပြည်နယ် ဗန်းမော် ဆိပ်ကမ်း အနီး ဗန်းမော် - ကသာပြေးဆွဲနေ သော ရှပ်ပြေးရေယာဉ် တစ်စီး တိမ်း မှောက်သွားခဲ့ကြေင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း တိမ်းမှောက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော မြမင်းအောင်အမည်ရှိ  အဆိုပါရေယာဉ်
သည် ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက်တွင်  ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ်တစ်စင်းနှင့် တိုက်မိ
ကာ  တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်''ဟု ကူညီကယ်ဆယ်
ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် ပြောကြားပါသည်။

မွန်းလွဲပိုင်းတွင် ထပ်မံရရှိသောသတင်းများအရ ၎င်းရှပ်ပြေးယာဉ်ပေါ်တွင် လက်မှတ်အရောင်းစာရင်းအရ ၅၂ ဦး လက်မှတ်ရောင်းထားသော်လည်း လက်မှတ်မဖြတ်ဘဲ စီးနင်းလိုက်ပါသော ခရီးသည်များလည်း ပါဝင်သောကြောင့် ယာဉ်ပေါ်ပါ လူဦးရေအတိကျကို မသိရှိရသေးဟု ဆိုကြပါသည်။

ရှပ်ပြေးရေယာဉ်နစ်မြှုပ်ရာ အခင်းဖြစ်ရေပြင်တွင် ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ
မှ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ မွန်းလွှဲပိုင်းတွင် ကျား ၄၉ ဦး၊ မ ၂၁ ဦး၊ သေဆုံးသူ ၁ ဦး၊ စုစုပေါင်း ၇၁ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရှိ ရသည်။

''အခုအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတုန်းပဲ။ ခရီးသည် ဘယ်နှယောက်
ပါတယ်ဆိုတာ မသိရသေးပေမယ့် ပျောက်ဆုံးနေသူတွေတော့ ရှိနေတုန်းပဲ။ ပျောက်ဆုံးနေတဲ့သူတွေထဲ
မှာ မြစ်ကြီးနားမှာ ပြုလုပ်မယ့် တက္ကသိုလ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် ဗန်းမော်တက္ကသိုလ်က ဘောလုံးသမား ၅ ဦးနဲ့ အုပ်ချုပ်သူတစ်ဦး ပါဝင်တယ်လို့လည်း သိရတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။

အခင်းဖြစ်ရေပြင်တွင် စက်လှေ၊ ရှပ်ပြေး၊ အင်းလေးဘုတ်စသည့် ရေယာဉ်အစီး ၃၀ ကျော်အပါအ၀င် ဗန်းမော်ဆိပ်ကမ်း အောက်ဘက်ရှိ ခွန်သာ၊ တပ်ကလေးဆိပ်တို့မှ စက်လှေများပါ ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Popular Myanmar Media:

0 comments:

Post a Comment