Pages

Sunday, July 15, 2012

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ကျင်းပ


Photo

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ယနေ့ ဇူလိုင်လ ၁၅ ရက် 
နံနက်ပိုင်း က ရန်ကုန်မြို့ ၊ သူနာပြုတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကလည်းကောင်း၊ သဘာပတိ 
ဦးမောင်မောင်အေး(မောင်ဟေမာ)ကလည်းကောင်း အမှာစကားအသီးသီးပြောကြားခဲ့သည်။


ထို့နောက် အသင်းဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးမြင့်ထွန်းက ဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း၊ 
သဘာပတိက အသင်းအမှုဆောင် ရွေးချယ်ပုံ အစီရင်ခံစာနှင့် ရွေးချယ်ခံရသော အမှုဆောင်စာရင်းကိုလည်းကောင်း၊
 ကြေညာပေးခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဌသစ်က
 နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် သူနာပြုတက္ကသိုလ်သို့ ခန်းမအသုံးပြုခြင်းအတွက် အလှူငွေနှင့် စာကြည့်တိုက်အတွက်
 စာအုပ်များလှူဒါန်းခဲ့ပြီး အသင်းဝင်များကလည်း အသင်းအတွက် အလှူငွေများပေးအပ်ခဲ့ကြညသည်။


မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်ထုတ်ဝေသူ ဖြန့်ချိသူများ၊ စာအုပ်အရောင်းဆိုင်ဖွင့်လှစ်ထားသူများ ပါဝင်ဖွဲ့စည်းထားသော 
အဆိုပါအသင်းကို ယခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး၊ စာပေထုတ်ဝေဖြန့်ချိရေးကဏ္ဍကို လက်ရှိအနေအထားထက်
 ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။

Ref: Popular Myanmar Media:

0 comments:

Post a Comment