Pages

Sunday, July 15, 2012

ရွာသားများ ဆန္ဒမပါရင် သတ္ထု တူးဖော်ရေးကုမ္ပဏီ လုပ်ခွင့်မရှိကြောင်း ရှမ်းပြည်နယ်အစိုးရ ပြောဆို



ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်အတွင်းက ဟဲဟိုးတိုက်နယ်ဘော်ဆိုင်းကျေးရွာမှာ ကောင်းသောအင်အားကြယ် ကုမ္ပဏီက ဓါတ်သတ္ထု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေရာ ဒေသခံပြည်သူတွေရဲ့ မြေယာတွေ ၀ယ်ယူရာမှာ ကာလပေါက်ဈေး မရတာ၊ မိုင်းခွဲမှုတွေကြောင့် ဥယာဉ်ခြံမြေတွေထဲ အလုပ်မဆင်းနိုင်တာတွေနဲ့ ပတ်သက်လို့ အာအက်ဖ်အေ က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။ 


ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မနေ့က တောင်ကြီးမြို့မှာခေါ်ယူပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနေ့ကနေ့လည်ပိုင်းမှာ ရေဖြူကန်ရွာ၊ တံတားကန်ရွာ၊ မြို့ဆိုးရွာ၊ စီးထက်ရွာ စတဲ့ ရွာလေးရွာက ရွာသား ၈ ဦးနဲ့ ကောင်းသောအင်အားကြယ်ကုမ္ပဏီက ဒေါ်လီလီမြင့်၊ ဘောစိုင်းကျေးရွာအုပ်ချူပ် ရေးမှုး နဲ့ သတ္ထုတွင်းက မန်နေဂျာ ဦးစိုးလွင် တို့ကို ရှမ်းပြည်နယ် အစိုးရ ၀န်ကြီးဌာနမှာ ခေါ်ယူပြီး ရှမ်းပြည်နယ် သတ္ထု တွင်းနဲ့သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် ပြည်နယ် အစိုးရအဖွဲ့ဝင်တွေက တွေ့ဆုံ မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မိုးမိုး က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ရွာသူရွာသားတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဒီကုမ္ပဏီက ဘာမှ လုပ်ခွင့်မရှိဘူး၊ ရွာသူ ရွာသားဆန္ဒမပါရင် ဘာမှ မလုပ်ပါနဲ့ ဆိုပြီးတော့ သတ္ထုတွင်းဝန်ကြီး ကိုယ်တိုင်က ပြောလိုက်တယ်၊ ကောင်းသောအင်အားကြယ် ကုမ္ပဏီက သူတို့ လိုင်စင်ကျပြီးပါပြီ။ တူးဖော်ခွင့်တွေ ရပြီးပါပြီ ဆိုတဲ့ သဘောနဲ့ သူတို့က ပြောတယ်။



 ဒါပေမယ့် ၀န်ကြီးကိုယ်တိုင်က အဲ့ဒီ ဒေသမှာ စက်ရုံအကြီးစားလုပ်ငန်း လိုင်စင် သူတို့မရသေးဘူး၊ နောက်တခါ သန့်စင်စက်ရုံနဲ့ ကြိတ်ခွဲစက်ရုံမှာ ရေဖြူကန်ဆိုတဲ့ ရွာကနေပြီးတော့ရေပိုက်တွေ သွယ်တယ်၊ ရွာက သူတို့ကို ရေမပေးနိုင်ဘူး၊ အဲ့တော့ သတ္ထုတွင်း ၀န်ကြီးကတော့ ရွာသားတွေ မပေးရင် ဆန္ဒမရှိရင် ရွာကရေလုံးဝယူခွင့်မပြုဘူး။ မင်းတို့ကမင်းတို့ ဇော်ဂျီ ရေရမှပဲ လုပ်ပေါ့၊ မရရင် အဲ့ဒီစက်ရုံလုပ်ငန်းကို ရုတ်သိမ်းပြီး ပြန်သွားပါ ဆိုပြီးတော့ ၀န်ကြီးကိုယ်တိုင်က ပြောလိုက်တယ်။"

ပြည်နယ်အစိုးရကနေ အခုလို ခေါ်ယူတွေ့ဆုံပြီး နှစ်ဖက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဆိုပေးခဲ့တဲ့ အပေါ် ဒေသခံ ရွာသားတွေကကြေကြေနပ်နပ် လက်ခံခဲ့ကြပြီး သူတို့ရွာတွေကို ပြန်သွားခဲ့ကြတယ်လို့ ဆက်ပြောပါတယ်။

အခုလို ပြည်နယ်အစိုးရက ကုမ္ပဏီက တာဝန်ရှိသူတွေကို ခေါ်ယူပြောဆိုတာတွေ မတိုင်မှီ ဓါတ်သတ္ထု တူးဖော်နေတဲ့ လုပ်ငန်းခွင်က တရုတ် အလုပ်သမားတွေကို သွားရောက် စစ်ဆေးခဲ့ရာ တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တချို့ တွေ့ရှိခဲ့တဲ့ အတွက် မနေ့က ပြည်နယ်အစိုးရနဲ့ တွေ့ဆုံချိန်မှာ ဒီကိစ္စတွေကိုပါ မေးမြန်းခဲ့တယ်
လို့လည်း ဒေါ်ခင်မိုးမိုး က ပြောပါတယ်။

"ကုမ္ပဏီမှာရှိတဲ့ တရုတ်အလုပ်သမားတွေ၊ အဲ့ဒါတွေကို ဒီရှမ်းပြည် အစိုးရက နေပြီးတော့မှ လ၀က နဲ့ ဆင်းစစ်လိုက်တော့ လုံးဝ ဗီဇာမရှိဘဲနဲ့ မှောင်ခို ၀င်လာတဲ့လူတွေကလည်း ခိုးဝှက်ပြီးပြန်သွားကြတယ်၊ နောက် တိုး ဗီဇာနဲ့ ၃၈ ယောက်တွေ့တယ်၊ စစ်ဆေးလို့တွေ့တာ၊ ၃၈ ယောက်ထဲမှာ ၁၈ ယောက်က ဗီဇာသက်တမ်း ကုန်နေပြီ။ အဲ့တော့ ကျန်တဲ့ ၂၀ က ရွာမှာ မနေရဲတော့ဘဲနဲ့ ပင်းတယ က နိုဝင်ဘာဟော်တယ်မှာ သွားတည်းပြီးတော့ အခုတော့မန္တလေးတို့ ဘာတို့ဘက် ဆင်းသွားပြီလို့ သိရတယ်။ 



အဲ့ဒီလူတွေဟာတဲ့ အလုပ်သမား အနေနဲ့ ခေါ်တာ မဟုတ်ဘူး၊ တရုတ်ပညာရှင်တွေပါပေါ့၊ ခဏ တိုးရစ်
အနေနဲ့ စက်ရုံကို လာလေ့လာတာလို့ သူတို့က ပြောတယ်။ "

သတ္ထုတူးဖော်ဖို့ ဆိုပြီး ကုမ္ပဏီက မြေနေရာတွေ လိုက်လံ ၀ယ်ယူနေရာမှာလည်း ကုန်းတပ်ရွာနဲ့ မြို့ရိုးရွာတွေက မြေနေရာတွေဟာ အင်းလေးဒေသ စိမ်းလန်းစိုပြေရေးကို ထိခိုက်စေတဲ့ နယ်နမိတ် သတ်မှတ်ထားတဲ့ နေရာနဲ့ ညှိစွန်း နေသလို ရပ်စောက် သစ်တောကြိုးဝိုင်းနဲ့လည်း ညှိစွန်းနေတာကြောင့် အဲ့ဒီ ကျေးရွာနှစ်ရွာ အတွင်းက နယ်မြေအတွင်းမှာ သတ္ထု တူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ မရဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။



Ref: RFA (Burmese)

0 comments:

Post a Comment