Pages
Sunday, July 15, 2012
ဟောင်ကောင် နဲ့  Australia နိုင်ငံ က ဆရာဝန်များ ပူးပေါင်းပါဝင်တဲ့ အဖွဲ အရေးပေါ် အခြေအနေ ဆေးကုသမှု ဆိုင်ရာ ပထမဦးဆုံး သင်တန်း ကို ရန်ကုန်မြို့  မှာ စတင်သင်ကြားပေးနေ
ဟောင်ကောင် နဲ့  Australia နိုင်ငံ က ဆရာဝန်များ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ က မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ဆေးကုသမှု ဆိုင်ရာ ပထမဦးဆုံး သင်တန်း ကို ရန်ကုန်မြို့  မှာ စတင်ပေးနေပြီလို့ သိရပါတယ်။
Australia နိုင်ငံ က ဆရာဝန် ၇ ဦး နဲ့ ဟောင်ကောင် အခြေစိုက် ဆ၇ာဝန် ၄ ဦးတို့ ပူးပေါင်းပြီး အရေးပေါ်
 အခြေအနေ ကုသရေး ဆေးပညာရှင် အဖွဲ့ ကို စတင်လေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ 
၂၀၀၈ ခုနှစ် မှာ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း ထိခိုက်ဒဏ်ရာရမှု ဆိုင်ရာ
 နိုင်ငံတကာ က အထူးကုဆရာဝန်များ အဖွဲ့ ဟာ မြန်မာနိုင်ငံမှာ အရေးပေါ်ကုသရေး နဲ့ အကူအညီပေးရေး 
ဆိုင်ရာဗဟုသုတ တွေ လာရောက်ပို့ ချခဲ့ ပါတယ်။
မြန်မာနိုင်ငံဇာတိဖြစ်တဲ့  ဒေါက်တာ James Kong လည်း ဟောင်ကောင် အာရှ အထူးကုဆရာဝန်အဖွဲ့ မှာ
 ပါဝင်ခဲ့ပါတယ်။ဒေါက်တာ James Kong က တော်ဝင် ခွဲစိပ်ကု Australia ဆေးတက္ကသိုလ်က 
ဆရာဝန်များ အကူအညီနဲ့  မြန်မာ နိုင်ငံမှာ အရေးပေါ် ကုသရေးဆေးပညာသင်တန်းပေးဖို့ ကြိုးပမ်းခဲ
အဆိုပါ အရေးပေါ်ကုသရေးအဖွဲ့ မှာ ဆေးပညာ၊ မေ့ ဆေး နဲ့ ခွဲစိပ်ကုဆရာဝန်တွေ ပါဝင်ပြီး 
အရေးပေါ်ဌာနဖွဲ့ စည်းပုံ ၊ ဆေးရုံမရောက်မှီ ကနဦးကုသမှု ၊ လူနာတင်ယာဉ်စံနစ် ၊ သဘာဝ
 ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု ၊ လူစုလူဝေးကို ကျမ်းမာရေး ဆိုင်ရာ အကူအညီပေးပုံ စတဲ့  
ဘာသာရပ်တွေ သင်ကြားပေးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျမ်းမာရေး ကဏ္ဍအတွက် လျာထားချက် ဟာ အစိုးရ ဘဏ္ဍာရေးအသုံးစရိတ် ရဲ့  ၃ 
ရာခိုင်နှုံး သာရှိတယ်လို့ သိရပါတယ်။
Ref: RFA (Burmese)
0 comments:
Post a Comment