Pages

Saturday, July 7, 2012

ဇူလိုင်လ ၆ ရက်နေ့ ညကဖမ်းဆီးခံရတဲ့ (ဗကသ)ေ ခါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင် နှင့် ရဲမြင့်ဟိန်း တို့ ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ပြန်လည် လွတ်မြောက်လာ




ဗကသ အဆောက်အအုံ ဖောက်ခွဲခံရခြင်း နှစ် ၅၀ ပြည့် "7 July" ပွဲကျင်းပရန် စီစဉ်သဖြင့် ဇူလိုင်လ ၆ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်က ယာယီိထိန်းသိမ်း ခံခဲ့ရသော ကျောင်းသားအချို့မှ (ဗကသ)ေ ခါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင် နှင့် ရဲမြင့်ဟိန်း တို့မှာ ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကအတည်ပြုပြောကြားသည်။

ယနေ့နေ့ခင်း ၁၁း၀၀ နာရီတိတိတွင် ညက အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်ဟိန်းနှင့်မဖြိုးဖြိုးအောင်တို့ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် လွှတ်ပေးလိုက်ခြင်းဟု ယူဆရသည်။

ယမန့်နေညက ထိန်းသိမ်းခံခဲ့ရသော ရန်ကုန်မှ ကျောင်းသားများဖြစ်သည့် ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင် တို့ကို ယနေ့ ပြုလုပ်သော 7July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ အပြီးတွင် သက်ဆိုင်ရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးမှ အတည်ပြုပြောကြားခဲ့ပါသည်။

ဇူလိုင် ၆ ရက်(မနေ့)ညက ယာယီထိန်းသိမ်းခြင်းခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)၏ အဖွဲ့ဝင်များဖြစ်သော ရန်ကုန်မြို့နေ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ကို

ယခုပင် (ဇူလိုင် ၇ ရက် နံနက် ၁၁ နာရီဝန်းကျင်) သက်ဆိုင်ရာက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကိုစည်သူမောင်က ၄င်း၏မိခင်ထံသို့ ဖုန်းဆက်၍ပြောကြောင်း သတင်းရရှိသည်။ ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသူများထဲမှကိုစည်သူမောင်က
 ၈၈ မျိုးဆက်ကျောင်းသားများရုံးသို့ ရောက်ရှိနေသော ၄င်း၏မိခင် ဒေါ်နုနုဆွေထံသို့ ဖုန်းဆက်၍ ၄င်းတို့ကို သက်ဆိုင်ရာက ယခုပင် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောခြင်းဖြစ်သည်ဟု ဒေါ်နုနုဆွေကပြောသည်။

ထို့ကြောင့် ၄င်းတို့ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် မိသားစုဝင်များက စောင့်ဆိုင်းနေသည်။


ယနေ့နေ့ခင်း ၁၁း၀၀ နာရီတိတိတွင် ညက အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်

ဟိန်းနှင့်မဖြိုးဖြိုးအောင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် 

လွှတ်ပေးလိုက်ခြင်းဟု ယူဆရသည်။

Ref: The Voice Weekly


0 comments:

Post a Comment