Pages

Saturday, July 7, 2012

7july အခမ်းအနားပြုလုပ်မယ့် ကျောင်းသားများအဖမ်းခံရခြင်း နောက်ဆုံးရသတင်း (မနက် ၈း၃၀)


Photo: ဒါက ကို ကျော်ကိုကို ကို ၈၈ ရုံးခန်းမှာ အာဏာပိုင်တွေ သွားမရှာခင် တနာရီလောက်မှာ RFA ကို ပြောပြခဲ့တာပါ။ Sound Cloud နဲ့ နားထောင်လို့ မရသူတွေအတွက်ပါ။
================

ကျနော်ပထမဆုံး ကြားတာကတော့ ညနေ၅နာရီခွဲမှာ လားရှိုးက ဥက္ကဋ္ဌ ကို စိုးကြည်သာနဲ့ ပြန်ကြားရေးမှူး ကျောင်းသူတယောက်ကို ခေါ်သွားတာကို ကြားတယ်။ အဲဒိမှာကျနော်တို့ ပြန်လွှတ်မလားလို့ စောင့်တယ်။ 

ကိုးနာရီခွဲက ကျနော်တို့ စောင့်နေတာ ကိုးနာရီခွဲမှာ နောက်ဆုံးပြန် မလွှတ်တဲ့ အခါကျတော့ ကျနော်တို့  မဖြိုးဖြိုးအောင်ကို ပြောပြီး ဒီကိစ္စကို မီဒီယာတင်ဖို့  ကျနော်တို့ ကြိုးပမ်းနေတယ်။

ကြိုးပမ်းနေတဲ့ အချိန်မှာ နောက်တခါ သတင်းထပ်ဝင်လာတယ်။ မန္တလေးမှာ မြ၀တီမင်းကြီးတိုက်မှာ မနက်ဖန်လုပ်မယ့် ပွဲအတွက် ဘုန်းတော်ကြီးကို ခေါ်ပြီး ဖိအားပေးတယ်လို့ ကြားတယ်။ 

ဖိအားပေးတဲ့အတွက် ဘုန်းကြီးက ဆွမ်းကျွေးမယ် ဆွမ်းကပ်ရေစက်ချ အမျှဝေပြီးရင် ပြန်ပါလို့ အနေအထားမျိုး ခေါ်ညှိတဲ့အချိန်မှာ ကျောင်းသား သုံးယောက်ကို သူတို့ ထပ်ခေါ်သွားတယ်။ 

ကိုအောင်မှိုင်းဆန့်၊  ကိုမိုးထက်နေနဲ့  ကိုရဲရင့်ကျော်လို့ ကြားတယ်။ 
ကိုရဲရင့်ကျော်ကတော့သိပ် Confirm မဖြစ်ဘူး။ 

နောက်ပြီးတော့ မုံရွာကကျောင်းသားတွေကိုလည်း ခေါ်သွားတယ်လို့  ကြားတယ်။ ကိုသိန်းသန်းဦးတို့ လို့ထင်ပါတယ်။

နောက်အဲဒိအချိန်မှာ မဖြိုးဖြိုးအောင်ဆီ ဖုန်းလှမ်းဆက်တဲ့ အချိန်မှာ မဖြိုးဖြိုးအောင်ဖုန်းကို ခေါ်လို့ မရတော့ဘူး၊ အဲဒိတော့ မဖြိုးဖြိုးအာင် 
ပါသွားပြီလို့ ယူဆရတဲ့ အတွက် ကျနော် သတင်း စုံစမ်းကြည့်တဲ့ 
အချိန်မှာ တကယ်သူ့ ကိုလာခေါ်သွားပြီလို့ သိလိုက်ရပါတယ်။

အဲဒိနောက်မှာတော့ ကျနော်ကျန်တဲ့ သူတွေကို မသိရသေးဘူး။ အခုသတင်းကြားတာတော့ ကိုဒီငြိမ်းလင်းတို့ ကိုစည်သူမောင်တို့  
နဲ့အတူ ကိုရဲမြတ်ဟိန်းပါ ဖမ်းခံရတယ်လို့ ကြားပါတယ်။


ဆဲဗင်းဂျူလိုင် အခမ်းအနားပြုလုပ်မယ့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရှိ မြ၀တီမင်းကြီး စာသင်တိုက်နားမှာ လုံခြုံရေးအင်အား အယောက် ၅၀ ကျော် ရှိနေခဲ့ပြီး ကျောင်းတိုက်ထဲရှိ နယ်မြို့က ကိုယ်စားလှယ် လာတက်တဲ့ ကျောင်းသား ၄ ဦးကိုလည်း အက်စ်ဘီတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။


ဗကသ အထက်မြန်မာပြည်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မိုင်းဆန်း၊ ကိုမိုးထက်နေ နဲ့ ကိုသန်းထိုက်တို့လည်း ဖမ်းဆီးခံထားရကြောင်း ဗကသ - အထက်မြန်မာပြည် ပေါ်ထွန်းရေး ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“ည ၈ နာရီလောက်က ကိုအောင်မိုင်းဆန်းအိမ်ကို ၀င်ဖမ်းပါတယ်။ တချိန်တည်းမှာပဲ သိရတာက ကိုမိုးထက်နေ ပါသွားပါတယ်။ ကိုသန်းထိုက် လည်း ပါသွားပါတယ်။ ၈ နာရီခွဲလောက်မှာနော်။ ည ၁၀ နာရီလောက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြ၀တီမင်းကြီး တိုက်ထဲကို မြို့နယ်မှူးလို့ ပြောတဲ့ ၁၃ ယောက်လောက်အင်အားရှိတဲ့ အဖွဲ့ ရောက်လာပြီး မကျင်းပဖို့ လာရောက်တားဆီးတယ်။


ဆရာတော်နဲ့ ပြောတဲ့အခါမှာတော့ ပထမကတော့ မြို့နယ်က ဆွမ်းကပ်တဲ့အဆင့်လောက် ခွင့်ပြုမယ့်အနေအထားရှိတယ်။ အခမ်းအနားမလုပ်ဘဲနဲ့ပေါ့နော်။ နောက် သိပ်မကြာဘူး။ နာရီဝက်ကျော်ကျော်လောက်ကြာတဲ့အခါကျတော့ ဒီ့ပြင် နောက်ထပ် တဖွဲ့ရောက်လာတယ်။ သူတို့က တိုင်းကလို့ ပြောတယ်။ ပြီးတော့ ရွှေဘိုက လူကြီးတွေပါတယ်။ ရွှေဘိုကကျောင်းသားတွေကို သူတို့ မြို့နယ်ကခေါ်ခိုင်းလိုက်လို့ဆိုပြီး ကျောင်းသား ၃ ယောက်၊ ကျောင်းသူ ၁ ယောက်။ လေးယောက်ကို ဖမ်းသွားတယ်။ ၁၀ နာရီခွဲလောက်ကနော်။”

သူကိုယ်တိုင် လက်ရှိ ရှောင်တိမ်းနေရတဲ့ ကိုရဲရင့်ကျော်က အခုလို ၀င်ရောက်ဖမ်းဆီးတဲ့အပေါ် အခုလို ပြောပါတယ်။

“အခုလို ရုပ်ပျက်ဆင်းပျက် ဒီဟာကြီးကို ခါးခါးသီးသီး ဘာကြောင့်ငြင်းပယ်နေတာလဲဆိုတာ ကျနော်တို့ မစဉ်းစားတတ်ဘူး။

 အခုလို ပုံစံမျိုး လုပ်နေတာက သမိုင်းတရားခံတွေနဲ့ သူတို့ဘာတော်စပ်လို့ အနာပေါ် ဒုတ်ကျ ဖြစ်နေရတာလဲဆိုတာ ကျနော် တော်တော်ကြီးကို စိတ်ဝင်စားတယ်။”

နောက်ထပ် ရောက်လာမယ့် နယ်မြို့တွေကနေ ကိုယ်စားလှယ် လာရောက်တဲ့ ကျောင်းသားတွေကို မိမိအစီအစဉ်နဲ့ ပြန်ကြဖို့ ပြောထားတယ် လို့ ကိုရဲရင့်ကျော်က ဆက်ပြောပါတယ်။ ဖုန်းဆက်သွယ်မှုတွေ ခက်ခဲနေပြီး နောက်ထပ် ဘယ်သူတွေခေါ်ဆောင်ခံရသလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။



ကိုဒီငြိမ်းလင်းကို အာဏာပိုင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့ တာနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူ ဦးဇော်ဇော်မင်းကို RFA သတင်းထောက် မရွှေဇင်က က ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။ ဒါကတော့ ဦးဇော်ဇော်မင်း ပြောပြတဲ့ အထဲက
 ကောက်နှုတ်ချက်ပါ။

"အားလုံးက အသွင်ကူးပြောင်းရေး စနစ်တစ်ခုကို သွားနေတဲ့ အခါမှာ ဒီလို အဖြစ်ကြီးက ထင်လည်းမထင်ဘူးပေါ့နော်။ မထင်ဘဲ ဒီလို ဖြစ်တယ်ပေါ့။တော်တော်အံ့အားသင့်တယ်လို့။ ဒါကြီးက ဘယ်သူလုပ်တာလဲလို့မေးတယ်။ လက်သည်ပေါ့နော်။

ဒီကနေ့ ညနေကပဲ ပြည်ထောင်စု ဒုတိယ ၀န်ကြီး အလုပ်သမားရေးရာ ဒုတိယ ၀န်ကြီး ဦးမြင့်ဌေးနဲ့ တွေ့တယ်။ တွေ့တော့ညှိနှိုင်းဖြေရှင်းတဲ့နေရာ မှာ အကိုတို့လည်း ကြိုဆိုတာပေါ့နော်။

နိုင်ငံတော်ရဲ့ သမ္မတတို့၊ လွှတ်တော် ဥက္ကဋ္ဌကြီးတို့၊ အဲဒီလူတွေကလည်း ၈၈ ကို ယုံတယ်ပေါ့နော်။ ယုံလို့ အားလုံး ညှိနှိုင်းဆောင်ရွက်ပြီးတော့အေးအေးဆေးဆေးနဲ့ ပြန်လာတာ။

အခုလို ပြန်လာတဲ့အခါမှာ အခုလို ဖြစ်တယ်ဆိုတော့ ဒါကြီးက တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်တဲ့အထဲမှာ သူတို့ပဲ လက်သည်ဖြစ်နေတယ်လို့ ကိုယ်ကပြောပြလိုက်တယ်လေ။

နောက်တခုက ဒီလို အားလုံးက ရှေ့ကိုပဲ သွားမယ်။ သမ္မတကြီးက- နောက်ကြောင်းပြန်လှည့်မယ့်သူတွေကို ဖြုတ်ချခဲ့မယ်- ပြောတဲ့အချိန်မှာ ဒီလိုကိစ္စတွေဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုပြီးတော့ ကိုယ်က ထပ်ပြောတယ်။ သူတို့လည်း တခွန်းမှ မငြင်းပါဘူး။ "


Photo: ဒါက ကို ကျော်ကိုကို ကို ၈၈ ရုံးခန်းမှာ အာဏာပိုင်တွေ သွားမရှာခင် တနာရီလောက်မှာ RFA ကို ပြောပြခဲ့တာပါ။ Sound Cloud နဲ့ နားထောင်လို့ မရသူတွေအတွက်ပါ။
================

ကျနော်ပထမဆုံး ကြားတာကတော့ ညနေ၅နာရီခွဲမှာ လားရှိုးက ဥက္ကဋ္ဌ ကို စိုးကြည်သာနဲ့ ပြန်ကြားရေးမှူး ကျောင်းသူတယောက်ကို ခေါ်သွားတာကို ကြားတယ်။ အဲဒိမှာကျနော်တို့ ပြန်လွှတ်မလားလို့ စောင့်တယ်။ 

ကိုးနာရီခွဲက ကျနော်တို့ စောင့်နေတာ ကိုးနာရီခွဲမှာ နောက်ဆုံးပြန် မလွှတ်တဲ့ အခါကျတော့ ကျနော်တို့  မဖြိုးဖြိုးအောင်ကို ပြောပြီး ဒီကိစ္စကို မီဒီယာတင်ဖို့  ကျနော်တို့ ကြိုးပမ်းနေတယ်။

ကြိုးပမ်းနေတဲ့ အချိန်မှာ နောက်တခါ သတင်းထပ်ဝင်လာတယ်။ မန္တလေးမှာ မြ၀တီမင်းကြီးတိုက်မှာ မနက်ဖန်လုပ်မယ့် ပွဲအတွက် ဘုန်းတော်ကြီးကို ခေါ်ပြီး ဖိအားပေးတယ်လို့ ကြားတယ်။ 

ဖိအားပေးတဲ့အတွက် ဘုန်းကြီးက ဆွမ်းကျွေးမယ် ဆွမ်းကပ်ရေစက်ချ အမျှဝေပြီးရင် ပြန်ပါလို့ အနေအထားမျိုး ခေါ်ညှိတဲ့အချိန်မှာ ကျောင်းသား သုံးယောက်ကို သူတို့ ထပ်ခေါ်သွားတယ်။ 

ကိုအောင်မှိုင်းဆန့်၊  ကိုမိုးထက်နေနဲ့  ကိုရဲရင့်ကျော်လို့ ကြားတယ်။ 
ကိုရဲရင့်ကျော်ကတော့သိပ် Confirm မဖြစ်ဘူး။ 

နောက်ပြီးတော့ မုံရွာကကျောင်းသားတွေကိုလည်း ခေါ်သွားတယ်လို့  ကြားတယ်။ ကိုသိန်းသန်းဦးတို့ လို့ထင်ပါတယ်။

နောက်အဲဒိအချိန်မှာ မဖြိုးဖြိုးအောင်ဆီ ဖုန်းလှမ်းဆက်တဲ့ အချိန်မှာ မဖြိုးဖြိုးအောင်ဖုန်းကို ခေါ်လို့ မရတော့ဘူး၊ အဲဒိတော့ မဖြိုးဖြိုးအာင် 
ပါသွားပြီလို့ ယူဆရတဲ့ အတွက် ကျနော် သတင်း စုံစမ်းကြည့်တဲ့ 
အချိန်မှာ တကယ်သူ့ ကိုလာခေါ်သွားပြီလို့ သိလိုက်ရပါတယ်။

အဲဒိနောက်မှာတော့ ကျနော်ကျန်တဲ့ သူတွေကို မသိရသေးဘူး။ အခုသတင်းကြားတာတော့ ကိုဒီငြိမ်းလင်းတို့ ကိုစည်သူမောင်တို့  
နဲ့အတူ ကိုရဲမြတ်ဟိန်းပါ ဖမ်းခံရတယ်လို့ ကြားပါတယ်။



ကျနော်ပထမဆုံး ကြားတာကတော့ ညနေ၅နာရီခွဲမှာ လားရှိုးက ဥက္ကဋ္ဌ ကို စိုးကြည်သာနဲ့ ပြန်ကြားရေးမှူး ကျောင်းသူတယောက်
ကို ခေါ်သွားတာကို ကြားတယ်။ အဲဒိမှာကျနော်တို့ ပြန်လွှတ်မလားလို့ စောင့်တယ်။

ကိုးနာရီခွဲက ကျနော်တို့ စောင့်နေတာ ကိုးနာရီခွဲမှာ နောက်ဆုံးပြန် မလွှတ်တဲ့ အခါကျတော့ ကျနော်တို့  မဖြိုးဖြိုးအောင်ကို ပြောပြီး ဒီကိစ္စကို မီဒီယာတင်ဖို့  ကျနော်တို့ ကြိုးပမ်းနေတယ်။

ကြိုးပမ်းနေတဲ့ အချိန်မှာ နောက်တခါ သတင်းထပ်ဝင်လာတယ်။ မန္တလေးမှာ မြ၀တီမင်းကြီးတိုက်မှာ မနက်ဖန်လုပ်မယ့် ပွဲအတွက် ဘုန်းတော်ကြီးကို ခေါ်ပြီး ဖိအားပေးတယ်လို့ ကြားတယ်။

ဖိအားပေးတဲ့အတွက် ဘုန်းကြီးက ဆွမ်းကျွေးမယ် ဆွမ်းကပ်ရေစက်ချ အမျှဝေပြီးရင် ပြန်ပါလို့ အနေအထားမျိုး ခေါ်ညှိတဲ့အချိန်မှာ ကျောင်းသား သုံးယောက်ကို သူတို့ ထပ်ခေါ်သွားတယ်။

ကိုအောင်မှိုင်းဆန့်၊ ကိုမိုးထက်နေနဲ့  ကိုရဲရင့်ကျော်လို့ ကြားတယ်။ ကိုရဲရင့်ကျော်ကတော့သိပ် Confirm မဖြစ်ဘူး။

နောက်ပြီးတော့ မုံရွာကကျောင်းသားတွေကိုလည်း ခေါ်သွားတယ်လို့  ကြားတယ်။ ကိုသိန်းသန်းဦးတို့ လို့ထင်ပါတယ်။

နောက်အဲဒိအချိန်မှာ မဖြိုးဖြိုးအောင်ဆီ ဖုန်းလှမ်းဆက်တဲ့ အချိန်မှာ မဖြိုးဖြိုးအောင်ဖုန်းကို ခေါ်လို့ မရတော့ဘူး၊ အဲဒိတော့ မဖြိုးဖြိုးအာင် ပါသွားပြီလို့ ယူဆရတဲ့ အတွက် ကျနော် သတင်း စုံစမ်းကြည့်တဲ့ အချိန်မှာ တကယ်သူ့ ကိုလာခေါ်
သွားပြီလို့ သိလိုက်ရပါတယ်။

အဲဒိနောက်မှာတော့ ကျနော်ကျန်တဲ့ သူတွေကို မသိရသေးဘူး။ အခုသတင်းကြားတာတော့ ကိုဒီငြိမ်းလင်းတို့ ကိုစည်သူမောင်တို့ 
နဲ့အတူ ကိုရဲမြတ်ဟိန်းပါ ဖမ်းခံရတယ်လို့ ကြားပါတယ်။


ကျောင်းသားများအား ညတွင်း အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ခြင်းနှင့်ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ည ၁၁ နာရီအချိန်တွင် ၈၈ရုံးခန်းတွင် သတင်းထောက်များအား ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ထိန်းသိမ်းထားသော  ကျောင်းသားများအား လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုသည်။

`အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်  ခုလို ပူးပေါင်းဆောင်ရွက်နေချိန်မှာ နောက်ကြောင်းပြန်လှည့်သွားမယ်လို့ ထင်ရလောက်တဲ့ ကိစ္စမျိုးတွေကို မလုပ်သင့်ဘူး`ဟု ကိုဋ္ဌေးကြွယ်က ပြောသည်။

ထို့ပြင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရုံးခန်းသို့ ၀င်ရောက်ရှာဖွေခြင်းမျိုးကိုလည်း မလုပ်သင့်ကြောင်း၊ ခုလို ဖမ်းဆီးခြင်းကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များက မည်သူ့အတွက်မှ အကျိုးမရှိကြောင်း ဇူလိုင် ၇ အထိမ်းအမှတ်ကလည်း သမိုင်းကို မမေ့စေရန်အတွက် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းသိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉နာ၇ီတွင် အဆိုပါ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းတွင် အခမ်းအနားပြုလုပ်ကျင်းပ
မည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ည ၁၀ နာရီ အချိန်တွင် ဗကသ ကျောင်းသားများဖြစ်ကြတဲ့ ကျော်ကိုကို၊ ရဲမြတ်ဟိန်း၊ ဒီငြိမ်းလင်း၊ စည်သူမောင်၊ဖြိုးဖြိုးအောင်စတဲ့ကျောင်းသားများကိုလည်း သက်ဆိုင်ရာက မေးမြန်းနေဆဲဖြစ်ကြောင်း မိသားစုဝင်များက
 အတည်ပြု ပြောဆိုသည်။

ယနေ့ညမှာပင် မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတွင် အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေသော  ကျောင်းသား၇ ဦးအားခေါ်ဆောင်သွားပြီး ဖြစ်ကြောင်းကြားသိရှိရသည်။

ကိုလတ်(ပန်ဘဲတန်း) RND Media:

0 comments:

Post a Comment