Pages

Saturday, July 7, 2012

ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးလက်တွဲပြီး အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဂျက်ကီချမ်းပြောကြား


Photo

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ဂျက်ကီချန်းသည် ယနေ့ ဇူလိုင်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲက 
ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ ၄င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ 
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ

 အဖွဲ့အစည်းအားလုံးလက်တွဲပြီး အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ 

ကမ္ဘာကျော်ဟောင်ကောင်ရုပ်ရှင်မင်းသားဂျက်ကီချမ်းက RFA ကို ဒီကနေ့ ပြောကြားပါတယ်။


မိမိတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ရေးအတွက် 

မိမိနဲ့တကွ၊ယူနီဆက် အပါအ၀င် အားလုံး ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားရမှာပါလို့ ရန်ကုန်မြို

့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို 

ရုပ်ရှင်မင်းသားကြီး ဂျက်ကီချမ်းက ဖြေကြားခဲ့တာပါ။


Photo: မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးလက်တွဲပြီး အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောင်ကောင်ရုပ်ရှင်မင်းသား ဂျက်ကီချမ်းက RFA ကို ဒီကနေ့ ပြောကြားပါတယ်။

မိမိတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ
ဖြည့်ဆည်းနိုင်ရေးအတွက် မိမိနဲ့တကွ၊ ယူနီဆက် အပါအ၀င် အားလုံး ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားရမှာပါလို့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ရုပ်ရှင်မင်းသားကြီး ဂျက်ကီချမ်းက ဖြေကြားခဲ့တာပါ။

ဒါ့ပြင် မိဘတွေ အလုပ်သွားနေတဲ့အချိန်၊ ကလေးငယ်တွေအတွက် ပညာလည်းသင်၊ နေစရာလည်းရတဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေ
 ပေါပေါများများဖန်တီးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ 

မိဘတွေ အလုပ်လုပ်နေချိန် ကလေးငယ်တွေ သူတို့ဘာသာ အိမ်မှာနေခဲ့ရင်၊ လမ်းပေါ်ရောက်နေရင် ဒါမှမဟုတ် လူစိမ်းနဲ့နေရရင် အန္တရာယ်တွေ့နိုင်တယ်
လို့ ဂျက်ကီချမ်းက ပြောပါတယ်။

ယူနီဆက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူးသံတမန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချမ်းဟာ  ကလေးငယ်တွေ လူကုန်ကူးခံရမယ့်အန္တရာယ်ကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ (၅) ရက်နေ့ကစလို့ (၃) ရက်ကြာ ရောက်ရှိနေတာဖြစ်ပါတယ်။ 

သူဟာ ယူနီဆက်ရဲ့ ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်ကစတင် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့ပြင် မိဘတွေ အလုပ်သွားနေတဲ့အချိန်၊ ကလေးငယ်တွေအတွက် ပညာလည်းသင်၊ နေစရာလည်းရတဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေပေါပေါများများဖန်တီးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

မိဘတွေ အလုပ်လုပ်နေချိန် ကလေးငယ်တွေ သူတို့ဘာသာ အိမ်မှာနေခဲ့ရင်၊ လမ်းပေါ်ရောက်နေရင် ဒါမှမဟုတ် လူစိမ်းနဲ့နေရရင် အန္တရာယ်တွေ့နိုင်တယ်လို့ ဂျက်ကီချမ်းက ပြောပါတယ်။

ယူနီဆက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူးသံတမန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချမ်းဟာ ကလေးငယ်တွေ လူကုန်ကူးခံရမယ့်အန္တရာယ်ကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ (၅) ရက်နေ့ကစလို့ (၃) ရက်ကြာ ရောက်ရှိနေတာဖြစ်ပါတယ်။

သူဟာ ယူနီဆက်ရဲ့ ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်ကစတင် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
Ref: RFA (Burmese)

0 comments:

Post a Comment