Pages

Tuesday, June 26, 2012

မောင်တောမြို့နယ်တွင် နှစ်လအတွင်း တန်ဖိုးနည်းအိမ်ရာအလုံး(၄၀၀)ကျော်ဆောက်မည်

မောင်တောမြို့နယ်တွင် နှစ်လအတွင်း တန်ဖိုးနည်းအိမ်ရာအလုံး(၄၀၀)ကျော်ဆောက်မည်


ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်မှမီးလောင်ပျက်စီးသွားသောကျေးရွာများအား (၂)လ အတွင်း တန်ဖိုးနည်းအိမ်ယာ များပြန်လည် တည်ဆောက်ရန် အစိုးရက ညွှန်ကြားထားကြောင်း၈၈မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်က   သိရှိရသည်။


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောရဝတီ၊သရေကုန်းဘောင်စသည့်ရွာများနှင့် မီးလောင်ပျက်စီးသွားသော သည့်ရွာများအား
ပြန်လည်တည်ဆောက်နိုင်ရန် ဝါး၊ဓနိအစရှိသည့် အိမ်ဆောက်ပစ္စည်းများကိုအစိုးရက ပံ့ပိုး ပေးထားကြောင်း ၈၈မျိုးဆက်ကျောင်းသူ များက ဆိုသည်။
 

 “မောရဝတီ၊သရေကုန်းဘောင်စတဲ့ ရွာတွေ၊ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားတဲ့ရွာတွေကို နိုင်ငံတော်က ဝါး၊ဓနိစတဲ့ အိမ်ဆောက်ပစ္စည်းတွေကိုပေးအပ်ပံ့ပိုးထား ပြီး နှစ်လအတွင်းပြန်လည် ဆောက်လုပ်ရန်ဖို့ညွှန်ကြားထားတယ်လို့   သိရပါတယ်”ဟု ၈၈မျိုးဆက်ကျောင်းသူတဦးဖြစ်သူ မမီးမီးကပြောသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန(မ.ဆ.လ)နှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍
တန်ဖိုးနည်း(၁)ထပ်၊သွပ်မိုးထရံကာပြင်ခင်းအိမ်အလုံးရေ (၄၀၀)ကျော်အားတည်ဆောက်သွားမည် ဖြစ်သည်။

 “အနည်းဆုံးအိမ်ခြေအားလုံး ပေါင်း(၄၀၀)ကျော်လောက် ပြန်ဆောက်ရမှာပေါ့။တန်ဖိုးနည်း၁ထပ်၊ သွပ်မိုး ထရံကာပြင်ခင်း အိမ်တွေကို
ဆောက်လုပ်ပေးသွားမှာပါ။ နိုင်ငံတော်ကတော့ ပစ္စည်းတွေပေးထားပါတယ်။နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီးဌာန(မ.ဆ.လ)နှင့် ဒေသခံပြည်သူများ ပူပေါင်းလုပ်ဆောင် သွားမှာပါ”ဟုမောင်တောမြို့နယ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
 

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောတွင် ယနေ့အထိ အခြေအနေများမှာတည်ငြိမ်မှုမရှိသေးကြောင်းကိုလည်း  (၈၈)မျိုး ဆက်ကျောင်း သူဖြစ်သည့်မနီလာသိန်းက ဆိုသည်။

“ညဖက်ဆိုရင်ရွာတွေမှာ ရွာသားများ အလှည့်ကျတာဝန်ယူကင်း စောင့်နေရတယ်၊ရွာသားတွေ ကျီးလန့်စာ စားနေရတယ်”ဟု ၈၈မျိုးဆက်မှ မနီလာသိန်းက ပြောသည်။

ဝေယံမိုးဦး(မြစ်မခ) 

0 comments:

Post a Comment

 
world time