Pages

Tuesday, June 26, 2012

Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ထုတ်ပြန်


 Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က  “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ  မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ထုတ်ပြန်

Photo: Win-Win Solution “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ ၂ဝ၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ကို Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

နအဖ စစ်အစိုးရ လက်ထက် ၁၉၉ဝ ခုနှစ်ကစလို့ ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်း ချမှတ် ဆောင်ရွက်ခဲ့တာတွေဟာ
 အောင်မြင်မှု မရှိတဲ့အပြင် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးမှု မြင့်တက်လာပြီး ယာဘ စိတ်ကြွ ဆေးပြားတွေပါ အများအပြား ထုတ်လုပ် သုံးစွဲလာတာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Shan Drug Watch အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ်အတွင်း စစ်တမ်း ကောက်ယူပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

 ဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး
အဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း က ဓာတ်ပုံ အထောက်အထားတွေနဲ့ အတူ ရှင်းလင်းပြခဲ့ပါတယ်။

 ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံသူတွေဟာ ထိုင်း-မြန်မာနယ်စပ်က ပြည်သူ့စစ်
အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ ယာဘ စိတ်ကြွ ဆေးပြားတွေ ထုတ်လုပ် နေကြကြောင်း၊ ပြီးခဲ့တဲ့နှစ်က ယာဘဆေးပြား တပြားကို ကျပ် ၁ ထောင့် ၂ ရာ ရှိရာကနေ ပြီးခဲ့တဲ့လက နမ့်ခမ်းမြို့နယ် အတွင်းမှာ ကျပ် ၅ ရာလောက်နဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အထိ ဖြစ်လာနေတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။ 

အခုလို ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဟာ ဒေသတွင်း တည်ငြိမ်မှု မရှိဘဲ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတဲ့အတွက်  အချိန်တိုတိုနဲ့ အလွယ်တကူ ငွေရနိုင်တဲ့ ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင် လာကြတာလို့လည်း ဆိုပါတယ်။ 

ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက် သွားဖို့အတွက် အစိုးရနဲ့ လက်နက်ကိုင်
အဖွဲ့တွေ တဘက်နဲ့ တဘက် ရန်သူလို သဘောမထားဘဲ နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေး ဖြေရှင်းသင့်ကြောင်းလည်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ပြောဆို လိုက်ပါတယ်။



Win-Win Solution “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ ၂ဝ၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ကို 

Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 



နအဖ စစ်အစိုးရ လက်ထက် ၁၉၉ဝ ခုနှစ်ကစလို့ ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်း ချမှတ်

 ဆောင်ရွက်ခဲ့တာတွေဟာအောင်မြင်မှု မရှိတဲ့အပြင် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးမှု မြင့်တက်လာပြီး

 ယာဘ စိတ်ကြွ ဆေးပြားတွေပါ အများအပြား ထုတ်လုပ် သုံးစွဲလာတာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 



Shan Drug Watch အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ်အတွင်း စစ်တမ်း ကောက်ယူပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။



ဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါး

 စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း က ဓာတ်ပုံ အထောက်အထားတွေနဲ့

အတူ ရှင်းလင်းပြခဲ့ပါတယ်။


ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံသူတွေဟာ ထိုင်း-မြန်မာနယ်စပ်က ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ ယာဘ စိတ်ကြွ

 ဆေးပြားတွေ ထုတ်လုပ် နေကြကြောင်း၊ ပြီးခဲ့တဲ့နှစ်က ယာဘဆေးပြား တပြားကို ကျပ် ၁ ထောင့် ၂ ရာ ရှိရာကနေ ပြီးခဲ့တဲ့လက

 နမ့်ခမ်းမြို့နယ် အတွင်းမှာ ကျပ် ၅ ရာလောက်နဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အထိ ဖြစ်လာနေတယ်လို့ ဦးခွန်ဆိုင်းက

 ပြောပါတယ်။ 


အခုလို ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဟာ ဒေသတွင်း တည်ငြိမ်မှု မရှိဘဲ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ 

စီးပွားရေး ကျပ်တည်းလာတဲ့အတွက် အချိန်တိုတိုနဲ့ အလွယ်တကူ ငွေရနိုင်တဲ့ ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင် လာကြတာလို့လည်း 

ဆိုပါတယ်။ 


ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက် သွားဖို့အတွက် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ တဘက်နဲ့ တဘက် ရန်သူလို 

သဘောမထားဘဲ နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေး ဖြေရှင်းသင့်ကြောင်းလည်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါး

 စောင့်ကြည့်ရေးအဖွဲ့က ပြောဆို လိုက်ပါတယ်။

Ref: RFA (Burmese)

0 comments:

Post a Comment

 
world time