Pages

Tuesday, June 26, 2012

ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်ရန်စီစဉ်


ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်ရန်စီစဉ်



ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အ များပိုင်ကုမ္ပဏီလီမိတက်ကို ဇွန် ၂၇ ရက်တွင် စတင်ထူထောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ၏ အတွင်းရေး မှူးဖြစ်သော ဦးထုံရွှေဆိုင်မှ ဦး ကျော်ဝင်းကပြောသည်။

''နောင်တစ်ချိန်မှာ AFTA တို့၊ AEC တို့ဝင်လာရင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေနဲ့ ယှဉ်တဲ့အခါမှာ ဒီ ကလုပ်ငန်းတွေ ပပျောက်မသွား အောင် စုစည်းတည်ထောင်လိုက် တဲ့ သဘောပဲ''ဟု ဦးကျော်ဝင်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် တစ် ဦးချင်းဆီ လုပ်ဆောင်နေခြင်းဖြစ် ပြီး ပြည်ပနိုင်ငံများနှင့် ယှဉ်ပါက သေးငယ်သော လုပ်ငန်းများ ဖြစ် နေ၍ ပြည်ပမှဝင်လာသော ရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ်နိုင်အောင် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်ထား ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။


လက်ရှိတွင် ကုမ္ပဏီ၌ မြန် မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း မှ အမှုဆောင်၊ အလုပ်အမှုဆောင် ၁၀ ဦးဖြင့် စတင်တည်ထောင်လိုက် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



Ref: Planet Myanmar

0 comments:

Post a Comment