Pages

Monday, June 11, 2018

ကင်ဂျုံအန်နှင့် လီရှန်လွန်း တွေ့ဆုံ




RangonNewsDaily::Monday. June 11. 2018
စင်ကာပူနိုင်ငံသို့ ယနေ့ မွန်းလွဲပိုင်းက ရောက်ရှိခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယနေ့ ညနေပိုင်းက တွေ့ဆုံခဲ့သည်။

"မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြတာပါ။ အဲဒီသမိုင်းဝင် တွေဆုံပွဲအတွက်လည်း ကျွန်တော်တို့ စွမ်းနိုင်သလောက် အားလုံးကြိုတင်ပြင်ဆင်ကြပြီးပါပြီ။ အဲဒီ သမိုင်းဝင် တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ခင်ဗျားကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်"ဟု ကင်ဂျုံအန်က စကားပြန်မှ တဆင့် လီရှန်လွန်းအားပြောကြားခဲ့သည်။
ချန်ဂီ လေဆိပ်သို့ ကင်ဂျုံအန်ရောက်ရှိပြီးနောက် ၄ နာရီအကြာတွင် ထိုသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လီရှန်လွန်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်နှင့် ပညာရေးဝန်ကြီး အွန်ယီကွန်တို့လည်းပါဝင်သည်။
Popular News Journal
ref: Kim Jong Un meets PM Lee ahead of Trump-Kim summit

0 comments:

Post a Comment