Pages

Monday, June 11, 2018

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗီဗီယန်ကြိုဆိုနှုတ်ဆက်

RangonNewsDaily::Monday. June 11. 2018
သမ္မတ ဒေါ်နယ်ထရမ့်ကို သယ်ဆောင်လာတဲ့ အမေရိကန် အဲဖို့စ်ဝမ်း လေယာဉ်ကြီးဟာ ပါယာလီဘာ လေတပ်စခန်းကို ဆိုက်လာခဲ့ပြီး ကင်ဂျုံအွန်း ရောက်လာတုန်းက သွားကြိုခဲ့တဲ့ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ပဲ မစ္စတာထရမ့်ကို ကြိုဆိုခဲ့ပါတယ်။

“အမေရိကန်နိုင်ငံကို ပြန်လည် ကြီးကျယ်အောင်လုပ်မယ် ” ဆိုတဲ့ ထရမ့်ရဲ့ ကြွေးကြော်သံ စာတန်းပါ ဦးထုပ်တွေ ဆောင်းထားတဲ့ မိန်းမပျိုတွေလည်း ထရမ့် အလာစောင့်နေကြတာ တွေ့ရပါတယ်။ 





(ဓာတ်ပုံ- EPA/LYNN BO BO)
စင်္ကာပူမှာ ကျောင်းတက် နေကြတဲ့ အမေရိကန် ကျောင်းသူတွေပါ။
ထရမ့်ဟာ ကနေဒါမှာ ကျင်းပခဲ့တဲ့ G-7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ပြီး စင်င်္ကာပူကို ခရီးဆက်လာတာပါ။
G-7 အစည်းအဝေးရဲ့ နောက်ဆုံး ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာနီး မိနစ်ပိုင်း အလိုကျမှ သမ္မတထရမ့် လက်မခံခဲ့တဲ့ အတွက် အကြီးအကျယ် သဘောထား ကွဲမှုတွေနဲ့ အဆုံးသတ် သွားခဲ့ရပါတယ်။
ဒါပေမယ့် ဒီပူးတွဲ ကြေညာချက်ကို ဥရောပ နိုင်ငံတွေကတော့ လက်ခံကြောင်း ပြောကြပါတယ်။
BBC

0 comments:

Post a Comment