Pages

Saturday, June 9, 2018

အိပ်မပျော်ဖြစ်နေသူများ ကျန်းမာရေးနှင့်မညီသည့် စားသောက်ပုံအလေ့အထ ဖြစ်လာနိုင်ပြီး ကျန်းမာရေးပြဿနာကြုံနိုင်

RangonNewsDaily::Saturdday. June 9. 2018
အိပ်ပျော်ရန် အခက်ကြုံနေသူများသည် ညအချိန်အတွင်း ကျန်းမာ ရေးနှင့်မညီသော အစာစားသောက်ပုံ အလေ့အထများ ရှိလာနိုင်ပြီး ဆီးချိုရောဂါနှင့် အဝလွန်ဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

အရီဇိုးနားကျန်းမာရေးသိပ္ပံတက္ကသိုလ်က သုတေသီများ၏ လေ့လာချက်အရ ညပိုင်း အစာစားချင်စိတ် မြင့်မားခြင်းသည် အိပ်ပျော်ရန် ခက်ခဲသောကြောင့်ဟု သိရသည်။
တစ်နေ့အိပ်စက်ချိန် ခုနစ်နာရီထက် လျော့နည်းသူများသည် နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ ကင်ဆာနှင့် အခြားရောဂါများ အပါအဝင် ပြင်းထန်သော ရောဂါ ၁၀ မျိုးအထိ ဖြစ်ပွားနိုင်သော အန္တရာယ်ရှိသည်။
အိပ်ရေးပျက်ခြင်းကြောင့် ညပိုင်းတွင် အလွယ်တကူစားနိုင် သော ကျန်းမာရေးနှင့်မညီသည့် အစားအစာများ စားသုံးခြင်းဆီ သို့ ဦးတည်နိုင်ပြီး ကိုယ်အလေးချိန် မြင့်တက်လာနိုင်ကြောင်း သု တေသီ များက ပြောသည်။
အိပ်ရေးဝရန် အရေးကြီးအိပ်စက်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များကို ထိန်းညှိရန် အထောက်အကူပြုကြောင်း အမေရိကန် သုတေသီများက ပြောသည်။
စိတ်ဓာတ်ကျနေသော၊ အိပ်စက်ချိန်မလုံလောက်သော လူ ငယ်များအနေဖြင့် အိပ်ရေးပျက်ခြင်းကြောင့် အစာစားလိုစိတ်ပိုများခြင်းနှင့် ကြုံတွေ့ရမှုများနိုင်သည်။
ကျန်းမာရေးအတွက် အာဟာရဓာတ်များအပြင် အိပ်စက်ခြင်းကလည်း အရေးကြီးသောအချက်ဖြစ်ပြီး အိပ်စက်ပုံနှင့် စား သောက်မှုပုံစံများသည် ကျန်းမာရေးနှင့် ဆက်စပ်နေသည်။
အိပ်ရေးမဝသူများသည် အစားပိုစားပြီး စွမ်းအင်မပြည့်ဝသ လိုဖြစ်ကာ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းလာနိုင်သဖြင့် ရေရှည် တွင် ကျန်းမာရေးဆိုးကျိုးများစွာနှင့် ရင်ဆိုင်ရနိုင်သည်။
—Ref: UPI / 7 Day Daily
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment