Pages

Tuesday, March 7, 2017

ဘုန်းကြီးပျံ ဇာတ်ပွဲခင်းအနီး သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရ


RangonNewsDaily::Tuesday. March 7. 2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ ရွာလယ်ဘုန်းကြီးကျောင်း ဆရာတော်ကြီး၏ ဈာပနအခမ်းအနားတွင် ကပြဖျော်ဖြေသော ရွှေညီကိုဇာတ်ပွဲအနီးတွင် မတ် ၇ ရက် နေ့လယ်ပိုင်းက လူနှစ်ဦးသေနတ်ဖြင့်ပစ်ခံရ၍ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။



သေနတ်ဖြစ်လုပ်ကြံ ပစ်ခတ်ခြင်းခံရသူများမှာ မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာနေ ကိုဌေးလွင် (အသက် ၃၉ နှစ်)နှင့် မခိုင်ခိုင်ဝေ (အသက် ၃၉ နှစ်)တို့ဖြစ်ကြောင်း၊ အမျိုးသားမှာ ဝဲနားထင်နှင့် ယာပါးတို့တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာ ဝဲဘက်ဝမ်းဗိုက်နှင့် ဝဲတံတောင်တို့၌ သေနတ်ဒဏ်များရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးအား မတ်လ ၇ ရက်နေ့ နေလယ် ၃ နာရီခန့်က မန္တလေး ပြည်သူဆေးရုံကြီး ခွဲစိတ်ဆောင် (၂)သို့ ပို့ဆောင်ထားကြောင်းသိရသည်။
လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်ကျုးလွန်သူ မည်သူမည်ဝါဖြစ်သည်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
စိုင်းထူးခန့်
စောင့်ကြည့်သတင်းဂျာနယ်




0 comments:

Post a Comment