Pages

Thursday, September 15, 2016

၁၅၇ လမ်းရှိ တိုက်ခန်းတစ်ခုတွင် လေထုအဆိပ်သင့်ရာမှ တစ်ဦး သေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁၄
၁၄.၉.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်နေ ကိုအောင်သီဟသည် တစ်လမ်းတည်းနေ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဖြိုးဝေဒါကျော်ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ သတင်းလက်ခံဌာန၊ 199 Call Center သို့ ဆက်သွယ်သတင်းပေးပို့ခဲ့
သဖြင့် တာမွေမြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းချပြအတည်ပြု စုံစမ်းစေခဲ့ပါသည်။

သတင်းရလျင်ရချင်း တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က သတင်းပါလိပ်စာသို့သွားရောက်ခဲ့ရာနေအိမ်တိုက်ခန်းသံပန်းတံခါးအား အတွင်းမှ သော့ခတ်လျက်တွေ့ရှိရသဖြင့် သော့အားဖျက်၍၀င်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ဧည့်ခန်း
ကြမ်းခင်းပေါ်တွင် ကိုဖြိုးဒေ၀ါကျော်အား သတိလစ်လျက်အနေအထားဖြင့် လည်းကောင်း၊ နေအိမ်အတွင်း ကုတင်ဘေးကြမ်းပြင်ပေါ်တွင် ဦးမြင့်အောင်အား မှောက်လျက်ဖြင့် ညည်းညူနေသည်ကိုလည်းကောင်း၊ နေအိမ်နောက်
ခန်းတွင်းရှိ ကုတင်ပေါ်တွင် ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်တင်တင်မြင့်တို့ (၂)ဦးမှာ သတိလစ်လျက်လည်းကောင်းတွေ့ရှိရပြီး အခင်းဖြစ်နေအိမ်မှာ တံခါးများပိတ်ထားကာ အဲယားကွန်းဖွင့်ထားလျက် သောက်လက်စဆေးပေါ့လိပ် (၇)လိပ်အား တွေ့ရှိရပါသည်။
.
၎င်းတို့(၄)ဦးတို့အား ၁၂၄၅ အချိန်တွင် ဗဟန်းမြို့နယ်၊ သျှင်ပါဂူဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့သော်လည်း ကိုဖြိုးဒေ၀ါကျော်မှာ ၁၃၀၀ အချိန်ခန့်တွင် သေဆုံးသွားခဲ့ပြီး ဦးမြင့်အောင်၊ ဒေါ်ဖြူဖြူဝင်းနှင့်ဒေါ်တင်တင်မြင့်
တို့(၃)ဦးအား ၁၃၁၅ အချိန်တွင် ရန်ကုန်ဆေးရုံးကြီး၊ အရေးပေါ်ကုသဆောင်သို့ ပြောင်းရွှေ့ကုသပေးခဲ့ပါသည်။
.
ယင်းသို့ ကိုဖြိုးဒေ၀ါကျော်သေဆုံးရခြင်းနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၂၀/၂၀၁၆) ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကာ ဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police





0 comments:

Post a Comment