Pages

Thursday, September 15, 2016

ပါကစ္စတန်၌ ရထားနှစ်စင်း တိုက်၊ ခြောက်ဦးထက်မနည်း သေဆုံး၊ ၁၅၀ ကျော် ဒဏ်ရာရ


RangonNewsDaily::Thursday. September 15. 2016 
ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း ပန်ဂျတ်ပြည်နယ်၌ Karachi-bound express ရထားနှင့် ကုန်တင်ရထားတစ်စင်းတို့ ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက်ပိုင်းက တိုက်မိခဲ့ရာ ခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



.
မူတန်မြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် Express ရထားက ဘူတာတွင် ရပ်ထားသည့် ကုန်တင်ရထားကို တိုက်မိခဲ့ခြင်း ဖြစ်ပြီး ရထားတွဲလေးတွဲ တိမ်းမှောက်သွားခဲ့သည်။ လူ ၁၀ ယောက်မှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့သည်ဟု သိရသည်။
.
ကိုလိုနီခေတ် ကတည်းက တည်ဆောက်ထားခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ ရထားလမ်း ကွန်ရက်များသည် ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် လွန်ခဲ့သော နှစ်များစွာ ကတည်းက ယိုယွင်းမှုများ ရှိနေခဲ့သည်။
.
ပါကစ္စတန်နိုင်ငံတွင် ၂၀၀၅ ဇူလိုင်လကလည်း ဆင်း(ဒ်) ပြည်နယ်၌ ဘူတာတွင် ရပ်ထားသည့် ရထားကို အခြားရထားတစ်စင်းက ဝင်တိုက်ခဲ့ခြင်းကြောင့် လူ ၁၃၀ ခန့် သေဆုံးခဲ့ရသည်။
Source: Reuter
Photo Credit: REUTERS/Khalid Chaudry





0 comments:

Post a Comment