Pages

Sunday, June 19, 2016

ပျောက်ဆုံးတော့မယ့် (deadsea)(သို့ )ဆားပင်လယ်


RangonNewsDaily::Sunday. June 19. 2016 
ဂျော်ဒန် နယ်စပ်မျဉ်း အနောက်ဘက်မှာ အနောက်ဘက်ကမ်း(west bank)ဲ နဲ့  အစ္စရေး နိုင်ငံ တို့အကြားမှာ ထိစပ်နေပြီး နိုင်ငံတကာ ကအသိများတဲ့ ပင်လယ် သေ(deadsea)(သို့ )ဆားပင်လယ်ဟာ လေးပေလောက်နိမ့်ဆင်း ခမ်းခြောက် သွားခဲ့ပြီးလို့  BBC 17 June 2016 ရက်နေ့  MiddleEast သတင်းမှာ ဖေါ်ပြထားတာတွေ့ ရပါတယ်။
http://www.bbc.com/news/world-middle-east-36477284
သေမင်းပင်လယ် ဆိုတဲ့အတိုင်း သက်ရှိသတ္တ၀ါတွေ မနေနိုင်အောင် ဆားပျော် ၀င် နေ တာများနေတဲ့ ပင်လယ်သေ ဖြစ်ပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်မှာ အနိမ့်ဆုံးအပိုင်းဖြစ်ပြီး နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံခမ်းခြောက်သွားနေကြဖြစ်ပေမယ့် ဖေါက်ပြန်ရာသီ မှာ ကမ္ဘာကြီး ပိုမို ပူနွေးလာနေရာကနေ သေမင်းပင်လယ်မှာ တွင်းပေါက်ကြီးတွေဖြစ် လာခဲ့ပါတယ်။





ရှေးဟောင်း အီဂျစ်လူမျိုးတို့ ဟာ အလောင်းတွေ မပုပ်မသိုးအောင် မမ်မီ လုပ် ဆေးစိမ်ဖို့ ပင်လယ်သေက နျူထရွန် ဓါတ်ဆားတမျိုး ကို အသုံးပြုခဲ့ကြောင်း သမိုင်း မှတ်တမ်းအရသိရပါတယ်။
.
ဓါတ်သတ္တုများနှင့် ကြွယ်ဝနေတဲ့  ပင်လယ်သေ ရဲ့ ဆားကို ကမ္ဘာတ၀ှမ်းက စီးပွားရေးသမားတွေ ကော့စတစ်ဆိုဒါ-ကိုယ်ခန္ဓာသန့်ရှင်းအသားအ ရည် လှပချောမွေ့စေဖို့ ဓါတုဗေဒနည်းနှင့် အသားလှဆီ အမျိုးမျိုးထုတ်လုပ်နေ
ကြတဲ့ ဆိုးကြိုးသက်ရောက်မှုတွေလည်း ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဆားငံရေတွေခမ်းခြောက်လို့  ပျောက်ဆုံးတော့မယ့် သေမင်းပင်လယ်အတွင်းမှာ ရှိတဲ့ အပန်းဖြေစခန်းတွေ ပိတ်ခဲ့ရတာဟာ ကမ္ဘာကြီး ကို ခြိမ်းခြောက်နေ တဲ့ သဘာဝ ဖေါက်ပြန်နေခြင်းကို ရင်ဆိုင်နေရတာပါ။ 
SAW , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment