Pages

Sunday, June 19, 2016

အရက်သေစာ သောက်စားမူးယစ်ပြီး ငှက်ကြီးတောင်ဓားနှင့်လူငယ်သုံးဦးအား ဖမ်းဆီးထိမ်းသိမ်း


RangonNewsDaily::Sunday. June 19. 2016 
၁၈.၆.၂၀၁၆ရက်နေ့၁၅၃၀အချိန် တွံတေးမြို့ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး 
ရဲမှူး ခင်မောင်ရွှေ အနီးကပ်ကြီးကြပ်ညွှန်ကြားမှုနှင့်အတူ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အား ပြည်သူ့ဘဝလုံခြုံရေးအတွတ်အလေးထားဆောင်ရွတ်စဉ် မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် နေလင်းထိုက်နှင့်အဖွဲ့သက်သေများနှင့်အတူနယ်မြေလှည့်ကင်းဆောင်ရွက်စဉ်
မြို့ရှောင်လမ်း ငါးခုံးမစမ်းကျေးရွာ လမ်းမပေါ်တွင် အရက်သေစာသောက်စားမူးယစ်ပြီး အများပြည်သူစိတ်ညိုငြင်၍ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ငှက်ကြီးတောင်ဓားကိုင်ဆောင်ရမ်းကားနေသူ ခန့်ပိုင်ဦး ၂၃နှစ်(ဘ)ဦးစိန်အေး ရေလုပ်သား ဘိုးကံဘေးကျေးရွာနေသူနှင့်၎င်းအဖော်များဖြစ်ကြသည့် စောအောင်ကို ၂၀နှစ်(ဘ)ဦးကျော်မင်း ကယ်ရီမောင်းအဂတ်တန်းကျေးရွာနှင့်ပိုင်ဇေလက် ၁၇နှစ်(ဘ)ဦးအေးသန်းတို့သုံးဦးအား ရဲအုပ် နေလင်းထိုက်အဖွဲ့မှအချိန်မှီဖမ်းဆီးထိမ်းသိမ်းပြီး လူ့အသက်ကိုသေစေနိုင်သည့်ဓားကိုင်ရမ်းကားသူများအား အမှုဖွင့်အရေးယူထားရှိပါသည်။
Kyaw Swar / Police Media Group

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment