Pages

Friday, May 20, 2016

ဆံပင်ညှပ်ရန်စောင့်ဆိုင်းနေသော အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး

RangonNewsDaily::Friday. May 20.2016 
ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားသည့် အမျိုးသား ထိုင်ခဲ့သည့် ခုံ
ပြည်မြို့တွင် အမျိုးသား တစ်ဦးသည် ဆံပင်ညှပ်ရန်စောင့် ဆိုင်းနေစဉ် ရုတ်တရက်ဦးနှောက် သွေးကြောပြတ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အသက် (၆၀) အရွယ်ရှိ အဆိုပါအမျိုးသားသည် အငှား ယာဉ်မောင်းအဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ပြည်မြို့၊ ဆွေးနွေးဘုရား လမ်းရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ မေလ ၁၈ ရက် နေ့လယ်၂နာရီခန့် က ဆံပင်ညှပ်ရန် စောင့်ဆိုင်းနေ စဉ် ရုတ်တရက် ဦးနှောက်သွေး ကြောပြတ် သေဆုံးသွားကြောင်း ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကပြောကြားသည်။ ‘‘ဆံပင်က မညှပ်ရသေးဘူး။ ထိုင်ခုံမှာထိုင်ပြီး စောင့်နေတုန်း မှာ ရုတ်တရက် တက်သလိုဖြစ် သွားတယ်။ အနီးအနားကလူတွေ ကို အော်ဟစ်အကူအညီတောင်း ရတာပေါ့။ အနီးကပုဂ္ဂလိကဆေး ရုံက ဆရာဝန်ကိုခေါ်ပြတော့ ဦး နှောက်သွေးကြောပြတ်သေသွား တာလို့ သိရတယ်’’ဟု ဆံပင်ညှပ် ဆိုင်ပိုင်ရှင်ကပြောသည်။
.
သေဆုံးသူအမျိုးသားသည် သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး အပူချိန်ပြင်းထန်ခြင်းကြောင့်ရုတ် တရက် ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းမှူးကပြောသည်။
.
‘‘သေဆုံးသူက ကားမှန်တွေ အကုန်ပိတ်နဲ့လာတာ။ ကားထဲ မှာ အဲကွန်းဖွင့်ပြီးလာတာလား မသိဘူး။ ကားထဲကနေ အပြင် ထွက်လိုက်တဲ့အချိန် အပူအအေး မမျှတာများလားမသိဘူး။ကျွန် တော်တို့ဆိုင်ထဲမှာတော့ အဲကွန်း လည်းဖွင့်မထားဘူး။ သဘာဝအတိုင်းပဲ။ သိပ်လည်းမပူဘူး။ ကားပေါ်ကဆင်းလာပြီး ဆိုင်ထဲ ရောက်တာမကြာဘူး ဖြစ်သွား တာ။ သူမောင်းတဲ့အိမ်က ကား ပိုင်ရှင်လိုက်လာပြီး သူ့ကိုဒီနေ့ သွေးတိုးနေလို့ ဆေးခန်းသွားခိုင်း နေတာ၊ မသွားဘဲ ဆံပင်လာညှပ် တာလို့ သိရတယ်’’ဟု ဆံပင်ညှပ် ဆိုင်ရှိ အလုပ်သမားတစ်ဦးက ပြောသည်။
.
ပြည်မြို့တွင် မေလ ၁၇ ရက်က အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း အနှေးယာဉ် အလုပ်သမားတစ်ဦး ဆိုက်ကား ပေါ်တွင်နားနေစဉ် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့သည်။
7Day::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment