Pages

Friday, May 20, 2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရချဖတ် တက္ကသိုလ် ရုံး ခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ်ခဲ့တဲ့ တရားခံမိမိကိုယ် အဆုံးစီရင်


RangonNewsDaily::Friday. May 20.2016 
မေလ(၁၈) ရက် မနေ့ နေ့ လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရချဖတ်
တက္ကသိုလ် ရုံး ခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ် ထွက်ပြေးနေ သူ ဒေါက်တာ ၀မ်ချိုင်း အသက်(၆၀) ဟာ သူ ပုန်းနေတဲ့ တည်းခိုးခန်းကနေ ကား မောင်းအထွက်မှာ ရဲတွေက ၀ိုင်းထားလိုက်ပြီး 
လက်နက်ချ အဖမ်းခံ ဘို့  အကြိမ်ကြိမ် ဆွေးနွေးနေခဲ့တာ မအောင်မမြင် ဖြစ်သွားခဲ့ပါတယ်။

လက်နှက်ချအဖမ်းခံဘို့  အမျိုးမျိုးဖျောင့်ဖျနေတဲ့ ကြားက ကားထဲကထွက်လာပြီး သူ့ ကိုယ်သူ သတ်သေဘို့  နားထင် ကို သေနတ်နဲ့  ချိန်ထားတဲ့ ဒေါက် ၀မ်ချိုင်းကို ဆွေးမျိုးတွေ နဲ့  အရင်းနှီးဆုံး တပည့် တွေက ၀ိုင်း တားနေရင်းက ညနေ(၆)နာရီခွဲမှာ အားလုံးကို တောင်းပန် စကားပြောဆိုခဲ့ပြီး မိမိကို သတ်သေသွားခဲ့ကြောင်းသိရပါတယ်။

ဒေါက်တာ ၀မ်ချိုင်း အသက်(၆၀) ကို သူ ပုန်းနေတဲ့ တည်းခိုးခန်းက ကား မောင်းအထွက်မှာ ရဲတွေက ၀ိုင်းထားလိုက်ပြီး လက်နှက်ချအဖမ်းခံဘို့  အမျိုးမျိုးဖျောင့်ဖျနေကြပါတယ်။ ဒေါက်တာဝမ်ချိုင်းကတော့ ကားထဲကအပြင်မထွက်တော့ဘဲ ဘာမှတုန့် ပြန် တာမျိုး မရှိသေး ကြောင်း သိရပါတယ်။ ယခုဆို နှစ်နာရီ ကျော် ကားထဲကနေ တရားခံ ဖြစ်သူ ဒေါက်တာဝမ်ချိုင်း ငြိမ်နေပါတယ်၊ရဲတွေက မကြာခင် အင်အားသုံးတော့မှာဖြစ်တာကြောင့် သူ့ အကိုဖြစ်သူ နဲ့  ရွှေမျိုးတွေက အေးအေးသက်သာအဖမ်းခံဘို့  နားချ နေကြပါတယ်။

တက္ကသိုလ်ရုံခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ် ထွက်ပြေးနေသူ ဒေါက်တာ ၀မ်ချိုင်း အသက်(၆၀) ကို သူ ပုန်းနေတဲ့ တည်းခိုးခန်းက ကား မောင်းအထွက်မှာ ရဲတွေက ၀ိုင်းထားလိုက်ပြီး လက်နှက်ချအဖမ်းခံဘို့  အမျိုးမျိုးဖျောင့်ဖျနေတဲ့ ကြားကကားထဲကထွက်လာပြီး သတ်သေဘို့  သူ့ နားထင် ကို သေနတ်နဲ့  ချိန်ထားပါ
တယ် ။သူ့ နဲ့ အနီးဆုံးမှာရှိတေတဲ့ တပည့်မလေးက မလုပ်ဘို့  ရှစ်ခိုးတောင်းပန်နေတာကို တွေ့ ရပါတယ်။ 


 







ဒေါက်တာ ၀မ်ချိုင်းဟာ ရချဖတ် တက္ကသိုလ်မှာ စာသင်နေတဲ့ ဆရာဖြစ်ပါတယ်၊ရချဖတ် တက္ကသိုလ် က တာဝန်ရှိ
တဲ့သူတွေကရဲ့  သတင်းစာရှင်းပွဲမှာ အသတ်ခံရတဲ့ ဒေါက်တာ နှစ်ဦးနဲ့ တရားခံ ဒေါက်တာ ၀မ်ချိုင်းတို့ ဟာ
 ဒေါက်တာဘွဲ့ တွေရခဲ့တာနဲ့  ပါတ်သက်ပြီး စကားများခဲ့ကြ ဘူးကြောင်းသိရပါတယ်။
ယခုအမှုမှာ တရားရင်ဆိုင်ရင် သေဒဏ်ကျခံရမယ်ဆိုတာ သိနေတာကြောင့် ခုလို လုပ်သွား
ခဲ့တာလည်း ဖြစ်နိုင်ကြောင်း သတင်းတွေမှာရေးသားနေကြပါတယ်။
Credit Daily news , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment